"အရမ်းပင်ပန်းနေပြီမို့မောင်အရင်အိပ်လိုက်ဦးမယ်နော်အစ်ကိုအသေးလေး~"
"သက်တောင့်သက်သာရှိရဲ့လားမောင်
မောင်ကသူဌေးသားလေးဆိုတော့ဒီလိုအိမ်မှာအိပ်တတ်ရဲ့လား~"
"မြေပေါ်မှာတောင်ဒီအတိုင်းအိပ်ခဲ့ရသေးတာကို
ဒါလေးကဘာမုမှာလဲ~"
"ဟုတ်ပါပြီ အိပ်တော့လေမောင်
သားလေးကိုအစ်ကိုရေချိုးပေးရင်းအစ်ကိုလဲချိုးဦးမယ်
ရေမချိုးရတာရက်အတော်ကြာနေပြီ~"
"အွန်း ကရုစိုက်ဦးနော်~"
သူတို့လာခဲ့တဲ့လမ်းခရီးတစ်လျှောက်ထယ်ယောင်းကဘဲ
ကလေးပိုး စားစရာအိတ်လွယ် ဂျောင်ကုကိုကူတွဲဆိုတော့
အခုလိုအချိန်မှာနစ်ရှိုက်စွာအိပ်မောကျလေပြီ~
"ဂျောင်ကု~တော်သေးတာပေါ့ရောက်လာခဲ့လို့~"
"ဟုတ် အဒေါ်ကြီးတို့ရောနေကောင်းကြရဲ့လား~"
အိမ်အကူအဒေါ်ကြီးတွေနဲ့ပြန်တွေ့ရတဲ့ဂျောင်ကုဟာ
မိသားစုကိုပြန်တွေ့ရသလိုဝမ်းသာပီတိတွေဖြစ်ကာ
သူ့သားကိုအင်္ကျီတောင်မဝတ်ပေးနိုင်သေးဘဲစကားပြောနေလေရဲ့~
"ကောင်းပါတယ် မြို့တွင်းစစ်ကဘယ်လိုဖြစ်သွားပြီလဲသိခဲ့လား~"
"ဟင့်အင်း ဥမင်ထဲမှာဘဲရက်ကြာသွားလို့
အပြင်ကအကြောင်းဘာမှမသိဘူး~"
"ဟုတ်လား မနေ့ကကြားတာတော့
စစ်ကမပြီးသေးဘူးတဲ့ ဆုံးရှုံးမှုများပြီး
အရပ်သားတွေလဲထိခိုက်သေဆုံးတယ်တဲ့~"
"အေလေ မြို့ထဲမှာလူအများကြီးကျန်နေသေးတာကို~"
"ဒီမှာကတော့အေးချမ်းပါတယ် ဒါဘေမဲ့
စားနပ်ရိက္ခာအလုံအလောက်မရှိလို့ ထမင်းနဲ့ဟင်းစားရဖို့မလွယ်ဘူး ဆန် ဂျုံ ပြောင်း အဲ့သုံးမျိုးကိုရောချက်ပြီးမှကျွေးတာများတယ်~"
"ကျွန်တော်ကအဆင်ပြေဘေမဲ့ မောင့်ကိုဘဲသနားတယ်
ဆန်ကြမ်းနဲ့လုပ်ထားတဲ့ဆန်မုန့်ကိုတောင်မစားနိုင်တာကို
အခုတော့ဒုက္ခရောက်ပြီ~"
"သခင်လေးက နေရာတိုင်းနဲ့လိုက်လျောညီထွေအောင်နေတတ်ပါတယ် အရမ်းကြီးမစိုးရိမ်ပါနဲ့~"
YOU ARE READING
~~ငွေ့~~{Complete}