"ကိုယ်အရင်ကစိတ်နဲ့ဆိုလေ မင်းလေးအနမ်းခံရတာကြာပေါ့ "
"အခုကျတော့လဲဘာထူးလို့လဲ လူကိုအကြောင်းအမျိုးမျိုးပြပြီးနမ်းနေပြီးတော့များ"
"နမ်းရသေးလို့လားကွာ "
"နမ်းတော့မှာပဲမဟုတ်ဘူးလား"
"ကိုယ့်အကြောင်းသိနေပြီပဲ ဟား ဟား ဟုတ်ပါ့နမ်းအုံးမှာကွ "
ကိုယ့်အနားရောက်နေလျှင် အမြဲနမ်းတတ်သည်မို့ ကောင်မလေးသိနေခြင်းဖြစ်မည်။ ဘာနေနေ ဒီနေ့လေးလဲ နမ်းပြီးမှပြန်လွှတ်မယ်မို့ ပါးလေးကိုငုံ့နမ်းလိုက်တော့ မျက်နှာလေးကရဲတတ်လာကာ ချစ်စဖွယ်ရှက်သွားသည့်ပုံရိပ်လေးကို အမိအရကို ကြည့်လိုက်သည်။ ကိုယ်ကသာမရှက်တတ်တာ ကောင်မလေးကဖြင့် ရှက်လိုက်တာမှလွန်ပါလေရောကွာ။ အနားကပ်ထိုင်လျှင်တောင် ကောင်မလေးကသိသိသာသာကို အကြည့်မဆုံရဲ မျက်နှာလေးတွေရဲနေတတ်သည်ကိုလဲ ကွန့်မြူးသတိထားမိပါသည်။
"အကိုလေး ရွှေကူ့ကိုလွှတ်ဖို့အစီစဉ်မရှိတော့ဘူးလား "
"ဟုတ်သားပဲ မေ့သွားတာ "
"အမြဲမေ့နေတာကြည့်ပဲ "
အသံခပ်ဖျော့ဖျော့လေးနှင့် မော့မကြည့်ရင်ခွင်ထဲမျက်နှာအပ်ကာ ဖြေလာသည့်ကောင်မလေးကို ကွန့်မြူးပါးလေးတစ်ချက်ထပ်နမ်းလိုက်ကာ လွှတ်ပေးလိုက်တော့ အောက်သို့ပြေးဆင်းသွားလေတော့သည်။
ရွှေကူက ရှက်ပါတယ်ဆိုမှ ထပ်နမ်းသွားသည့်အကိုလေးကြောင့် ပြေးဆင်းလာတော့ နောက်မှအော်ပြောသည်က ပြေးလို့ပစ်လဲရင် တစ်နေကုန်ထိုင်နမ်းမည်တဲ့လေ။ ရွှေကူ့မှာ အနမ်းဘုရင်ကြီးကိုရည်းစားတော်ထားရသည်မို့ ဘာမှကိုမလုပ်ရဲ ကျောက်ရုပ်လေးလိုသာ နေရမည့်ပုံဖြစ်သည်။
"ကြီးမေ "
"သမီးလေးအဆင်ပြေရဲ့လား ကြီးမေမှာနီးရက်နဲ့လာမတွေ့ဖြစ်ဖူးကွယ်"
"သမီးကလဲမလာဖြစ်တာပါ ကြီးမေအိမ်ထဲဝင်လေ လာပါ"
"မဝင်တော့ဘူးသမီး အိမ်မှာဘယ်သူမှမရှိလို့ကြီးမေသမီးကိုလာတွေ့တာ "
ကြီးမေက အိမ်ထဲမဝင်ဘူးပြော၍ ရွှေကူလဲခြံရှေ့တံခါးအပြင်ဘက်လေးတွင်သာ ရပ်၍နေလိုက်တော့သည်။
Part 💭 37
Start from the beginning