အပိုင်း 19

Start from the beginning
                                    

"မေလေး...နန်း လှလား"

"...."

မေလေး နန်းနန်းအား မျက်တောင်မခပ်ဘဲငေးကြည့်မိသည်။ဖြူဖွေးသောပါးပြင်လေးထက် ပါးကွက်သေးသေးလေးက နန်းနန်းမျက်နှာသေးသေးနဲ့လိုက်ဖက်လွန်းသည်။ ဆံပင်တို့ကို တစ်လွှာစီးစီးထားသောသူ့ရှေ့ကကောင်မလေးက သွားလေးဖြီးကာ ပြုံးပြနေသည်။ နန်းနန်းက သူ့နှလုံးသားကို လှုပ်ခတ်သွားအောင် ပြုစားနိုင်တဲ့ နတ်နိမယ်လေးပင်ဖြစ်သည်။

"မေလေး လာကျောင်းသွားမယ်လေ"

"အေး သွားမယ် နန်းနန်း"
...........

ဒုတ်..ဒုတ်...ဒုတ်...

ကောင်းမွန် ရင်ခုန်သံတွေမြန်လွန်းနေသည်။

ပါးကွက်သေးသေးလေးကွက်ထားသောနန်းနန်းရဲ့ခပ်ချောချောမျက်နှာလေးကို သူတွေ့လိုက်ရတော့ သူ့ရင်ထဲတမျိုးဖြစ်လို့နေသည်။ ဒါဟာအချစ်ဆိုရင် သူနန်းနန်းကိုချစ်နေတာကြာနေလေပြီ။နန်းနန်းနဲ့ပတ်သက်ပြီး ရသမျိုးစုံခံစားချက်မျိုးစုံ ခံစားနေရတာ သူတော်တော်ကြာပြီဖြစ်၏။ထိုကောင်မလေးက သူ့အားရင်ခုန်စေသည်။စိတ်တိုစေသည်။ဒေါသဖြစ်စေသည်။ပျော်ရွှင်စေသည်။ဝမ်းနည်းစေသည်။
................

ကျောင်းတက်ဖို့ 15မိနစ်လိုသေးသည်။ နန်းနန်း သူ့အားငေးကြည့်နေသော ကောင်းမွန်မျက်နှာကိုမြင်ယောင်လာသည်။ မေ့ပစ်ချင်ပေမယ့်မေ့လို့မရတဲ့ ကောင်းမွန်အား သူပွေ့ဖက်ချင်မိသည်။

"မေလေး.....ငါ နင့်ကိုရင်ဖွင့်ချင်လို့ နားထောင်ပေးမလား"

"နန်းနန်း.....နင်ငါ့ကိုပြောချင်တာပြောလို့ရတယ်...နင် ငါနဲ့ရှိနေရင်စကားတွေထိန်းပြောစရာမလိုဘူး...နင်မှားမှားမှန်မှန် ငါနင့်ဘက်မှာအမြဲရှိနေပေးမာ...နင်ပြောချင်တာကိုပြော ငါနားထောင်ပေးမယ်..... ငါ နင့်ဘေးမာတစ်သက်လုံးရှိနေပေးချင်တာ"

နန်းနန်း မေလေးစကားကြောင့် ပြုံးလိုက်သည်။မေလေးက သူ့အား နားလည်ပေးလွန်းသည်။မေလေးက သူ့အတွက် ကံကြမ္မာက ဖန်ဆင်းပေးလိုက်သော အဖိုးတန်သည့် လက်ဆောင်လေးဖြစ်လိမ့်မည်။

"မေလေး...ငါ ကိုကောင်းမွန်မြတ်နဲ့ပတ်သက်ပြီးအမြဲခံစားနေရတယ်...ငါ သူ့ကိုချစ်မိနေတာ"

နှလုံးသွေးဖြင့် ဆေးပါရစေ (Completed)Where stories live. Discover now