ကောင်လေးက ထိုသို့ပြောလိုက်လျှင်
"အေးပါကွ"
"အေးပါ အေးပါ"
ကောင်လေးရဲ့ သူငယ်ချင်းနှစ်ယောက်က တက်တက်ကြွကြွပြန်ဖြေကြသည်။
"နေ့လည်စာစားချိန်ကျရင် ကောင်လေးရဲ့အဖွားဆိုင်ကိုပဲပြန်လာခဲ့ကြနော်"
"အေးအေး သွားပြီ"
"ကျွန်မတို့သွားလိုက်ပါဦးမယ် ဒေါက်တာ"
"အားလုံးပဲ ဖိုက်တင်း! ကျွန်တော်တို့လုပ်နိုင်တယ်၊ သွားကြမယ်"
အကုန်လုံးအသီးသီးလှည့်ထွက်သွားပြီးတဲ့နောက် Chanyeol တို့လည်း ကိုယ့်တာဝန်ကိုယ်ကျေရန်ပြင်လိုက်ကြပါတော့သည်။
:
"ဒီအိမ်က အစဦးဆုံးအိမ်ပဲ၊ ဒီအိမ်ကနေ စလိုက်ကြမလားဟင်"
ကောင်လေးပြတဲ့အိမ်က ခြံစည်းရိုးအပုလေးခတ်ထားသည့် တစ်ထပ်အိမ်အပုလေးဖြစ်သည်။
"အင်း၊ စကြတာပေါ့"
"ဒါဆိုခေါ်လိုက်တော့မယ်နော်"
"အင်း"
"အိမ်ရှင်တို့! အိမ်ရှင်တို့! ဘယ်သူရှိလဲဗျို့!"
ကောင်လေးရဲ့အော်ခေါ်သံအဆုံးမှာပင် အိမ်ထဲကနေ အဒေါ်ကြီးတစ်ယောက်ထွက်လာသည်။
"ဘယ်သူတွေတုန်း"
Chanyeol တို့ကိုတွေ့တဲ့အခါ ခြံတံခါးမဖွင့်ပေးသေးဘဲ စတင်မေးလာတဲ့စကားဖြစ်သည်။Chanyeol အဒေါ်ကြီးကိုဖော်ဖော်ရွေရွေပြုံးပြလိုက်ပြီး
"မင်္ဂလာပါ အဒေါ်၊ ကျွန်တော်က ပရဟိတလာလုပ်တဲ့ ဆရာဝန်ပါဗျ"
"ဪ! ရွာလူကြီးပြောတဲ့ ဆရာဝန်တွေ၊ မင်္ဂလာပါကွယ်"
ထိုတော့မှ အဒေါ်ကြီးက ခြံတံခါးကိုအလျင်အမြန်ဖွင့်လိုက်သည်။
"အိမ်ထဲဝင်ပါဦး ဆရာတို့၊ အယ် ဒီကောင်လေးက ငါတို့ရွာက ကလေးတွေနဲ့လာလာဆော့တဲ့ကောင်လေးမလား"
ကောင်လေးကို လက်ညှိုးတထိုးထိုးဖြင့်မေးလေရာ ကောင်လေးက သူ့လည်ဂုတ်လေးသူပွတ်ပြီး အဒေါ်ကြီးကို ခေါင်းလေးညိမ့်ပြပါသည်။
YOU ARE READING
Perfect Love [onging]
Perfect Love-3
Start from the beginning