"အဲ့တာဆိုကျွန်တော်အာရုံလွဲမယ် ကိုလေးပြေး~"
"ဒီအပိုင်းကိုမင်းမကျွမ်းကျင်ဘူး အဲ့တာကြောင့်
ငါဘဲလုပ်မယ် မင်းက ကလေးအဖေဆိုတာလဲစဥ်းစားဦး
မင်းမရှိရင်ဂျောင်ကုတို့သားအဖအခက်တွေ့လိမ့်မယ်~"
သူ့အစ်ကိုရဲ့နားချမှုကြောင့်
ထယ်ယောင်းတစ်ယောက်ထွက်ပြေးဖို့တာ
ရွေးချယ်လိုက်ရဘေမဲ့စိတ်ထဲဘဝင်ကျမနေ~
"အဲ့တာဆို ကျွန်တော်တို့ပြန်တွေ့ကြမယ်နော်~"
"အေးပါ မထူးတော့ဘူး ဒီညအချက်ပြလိုက်တော့~"
"Nae~"
"အော်..ဒါလေး taekookအတွက်ယူသွား~"
အိတ်ကပ်ထဲကထုတ်လာတဲ့သွေးပေနေတဲ့စက္ကူထုပ်လေးဟာ
စပျစ်ခြောက်နဲ့လုပ်ထားတဲ့cookieမုန့်ဆိုတာ
အနံ့ရတာနဲ့သိနေတာမို့ထယ်ယောင်းမျက်ရည်ဝဲမိတယ်။
"ကရုစိုက်နော်ကိုလေး~"
"အေးပါ တစ်ခြားစားစရာတစ်ခုခုတွေ့ရင်ယူသွား
စစ်ဖြစ်ရင် စားစရာဘယ်မှာမှမရဘူး~"
"ဟုတ် ရှာယူသွားပါ့မယ်~"
"ဟုတ်ပြီ အဲ့တာဆိုစတော့ ငါထွက်တော့မယ်~"
"သေချာပေါက်ပြန်တွေ့မယ်နော်~"
"အွန်း ကြိုးစားပါ့မယ်~"
ထို့နောက်ထယ်ယောင်းကသူ့အခန်းထဲအရင်ပြေးသွားပြီး
ဂျောင်ကုပေးထားတဲ့နဖူးစည်းကိုယူ လက်မှာစည်းကာ
ခရီးဆောင်ကျောပိုးအိပ်နဲ့တွေ့သမျှမုန့်တွေအသီးတွေ
အသားခြောက်တွေကိုထည့်ယူသွားလေရဲ့~
"လူရှင်းပြီဘဲ အစ်ကိုလေးအန္တာရယ်ကင်းရဲ့လား~"
*ဒိုင်း...ဒိုင်း!*
*အသက်ရှင်နေပါကိုလေး အသက်ရှင်နေဖို့ဘဲမျှော်လင့်ပါတယ်~*
ဆက်တိုက်ထွက်ပေါ်လာတဲ့သေနတ်သံတွေကြောင့်
သူကတော့လွတ်မြှောက်လာဘေမဲ့
သူ့အစ်ကိုအတွက်တော့ဆုတောင်းပေးရုံမှတစ်ပါး~
👉🌟👈💬💬
.......................................................
Thank you for reading🙏
#Zawgyi#
‼️သတိပေးချက်‼️
အသည်းငယ်သူများ ခံစားလွယ်သူများ ထိရှလွယ်သူများ
ficနှင့်လက်တွေ့ကိုရောယှက်တတ်သူများ
စာရေးသူအားတိုက်ရိုက်(or)သွယ်ဝိုက် ဆဲဆိုတတ်သူများ
ဤအပိုင်းကိုဖတ်ရန်မသင့်❌
VOUS LISEZ
~~ငွေ့~~{Complete}
💜28💜
Depuis le début