Extra

352 9 0
                                    

သတင်းကျွတ်လေးရောက်လာတော့သူတို့မြို့တက်ပြီး မုန့်တွေဝယ်မိဘတွေကိုကန်တော့ကြသည် ကလေးတွေကဖယောင်းတိုင်တွေထွန်း မီးရှူးမီးပန်းတွေဆော့ ဗြောက်အိုးဖောက်လို့ဖောက်နဲ့ တချို့နှလုံးရောဂါသည်တွေထအော်ကြသည်
ေခတ်နှောင်းတို့မြို့တက်ပြီးအဖေနဲ့ ၂ပတ်နေပြီးရွာကိုပြန်လာကြသည် ပိုက်ဆံလိုရင်လည်းထောက်ပံ့ပေးသည်
ခန့်သော်နဲ့ခေတ်နှောင်းရွာထဲမှာမုန့်သွားဝယ်ရင်းပြန်လာတော့
သက်အောင်နဲ့ထက်ရှိုင်းအပြိုင်သူကြီးအိမ်သို့ချီတက်လာသည်
သူတို့လည်းမြင်ရောမပြေးယုံတမယ်ပြေးတာကြောင့် ခန့်သော်မှာခေတ်နှောင်းကိုပွေ့ချီရင်း​ပြေးရသေးသည်
သူတိူ့သူကြီးအိမ်ရောက်တော့ အရင်ရောက်နေတဲ့လင်လင်တွေကြောင့် နှခေါင်းရှုံလိုက်သည်
သူကြီးကသူတို့ကိုလည်းမြင်ရော အခန်းထဲပြန်ဝင်ဖို့လုပ်တော့တားလိုက်တဲ့သူကြီးကတော်ကြောင့် အင်တင်တင်ဖြစ်နေသည်

ရှင်ကလည်းကလေးတွေကလာကန်တော့တာကို...!

သူကြီးကတော်ကပြောတော့သူကြီးကဘေးနားလာထိုင်သည်

သူတို့ကမုန့်ဖိုးလာတောင်းနေကြတာလေ.. ဟွန့်...

မုန့်ဖိုးပေးတာဘာဖြစ်လို့လဲရှင်ကလည်းတမောက်..

မင်းသဘောဘဲ..

ခနိ့သော်တို့နဲ့ ထက်ရှိုင်းတို့ကန်တော့လိုက်ကြသည် သူတို့ကန်တော့ပြီးတော့သူ့ကြီးရဲ့ဆုံးမစကားတွေကိုနားရေဝအောင် နားထောင်ရတာကြာလာတော့နားကြားပြင်းကပ်လာသည်

သူကြီးရယ်တော်ပါတော့.
.
သူကြီးအကြမ်းရည်သောက်ပြီးဆက်ပြောဖို့လုပ်သူတို့၄ယောက် ဝိုင်းတားနေတာ​ကြောင့်ရပ်လိုက်သည် သူလည်းပိုက်ဆံထုပ်ဖို့လုပ်တော့ မယူတော့ဘူးဆိုရင်းပြန်သွားကြတဲ့ကောင်တွေကို ဝိုင်းထဲကနေထိုင်ကြည့်မိသည်

ခန့်သော်တို့ထက်ရှိုင်းတို့ပြန်လာတော့ သူကြီးနဲ့သူကြီးကတော်ပေါက်ပေါက်ဖောက်လိုက်တဲ့အကြောင်းတွေပြောမိနေသည် သူတို့စကားပြောနေရင်း ဟိုအိမ်ပြေးလိုက်ဒီအိမ်ပြေးလိုက်လုပ်နေတဲ့ တင်မောင်တို့လင်လင်ကိုကြည့်ရင်း ခေါင်းတောင်နောက်ချင်သွားသည်
သူတို့၄ယောက်သွားလိုက်တော့ အာပါပါ ဒီကောင်တွေလက်ထဲမှာပိုက်ဆံတွေမနည်းမနောပင် သူသိချင်လို့မေးလိုက်သည်

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now