Part21 U/Z

189 9 0
                                    

ထက်ရှိုင်းတစ်ယောက် ဒီနေ့လည်းသက်အောင်တို့အိမ်ကိုယောင်လည်လည်နဲ့ရောက်လာသည်
သူအိမ်ရှေ့မှာရပ်နေတုန်း သက်အောင်ကသူ့လည်းမြင်ရော သရဲမြင်တာကျနေတာဘဲ
သူလည်းခေါ်ဖို့ရှိသေးဝင်သွားတာကြောင့်စောင့်လိုက်သေးသည်
သူလည်းငုတ်တုတ်ထိုင်ပြီး မြေကြီးကိုနားမှာရှိတဲ့တုတ်နဲ့ပုံဆွဲနေသည်
သူလည်းတချက်ကြည့်တော့ မထွက်လာသေးပါ

သက်ရယ် မောင့်ကိုခေါ်ဖြစ်အုံးမှာလား..

လို့သူအကျယ်ကြီးအော်လိုက်သည်
အထဲကသက်အောင်မှာတော့ သူ့မျက်နှာကိုမတွေ့ချင်ပါ ပြီးခဲ့တဲ့အပတ်ကအကြောင်းကိုစဥ်းစားရင်သူ့မှာရှက်လွန်းလွန့်​သေ
သွားနိုင်သည်

မေသဲလည်းပဲနုတ်ပြီးတောင်းလေးရွှပ်ရင်းပြန်လာတာ အိမ်ရှေ့မှာငုတ်တုတ်ထိုင်နေတဲ့ထက်ရှိုင်းအဖြစ်ကိုတွေ့ရင်းရီချင်မိသည်
သူလည်း ထက်ရှိုင်းဆီဝင်လာလိုက်သည်

အကိုထက်ရှိုင်းဘာဖြစ်နေတာလဲ..?

'ဘာဖြစ်ရမှာလဲ နင့်အကိုပေါ့ '

ကျုပ်အကိုကဘာဖြစ်နေလို့လဲ ..?

''လာငါပြောပြမယ် ထိုင်''

ဟုဆိုရင်းမေသဲ တောင်းကိုချရင်းထက်ရှိုင်းဘေးဝင်ထိုင်လိုက်သည်
ပြောပါအုံးလိုရင်း ..

ဒီလိုဟာ.

သက်အောင်မနေ့ညက ဖဲရိုက်ပြီးပြန်လာတော့ သူဖဲခိုးတယ်ဆိုရင်းနောက်ကဝိုင်းလိုက်လာလို့ သူ့ပြေးရသည်
သူပြေးနေရင်း တစ်စုံတစ်ယောက်က သူ့ကိုဆွဲသွားသည် သူလည်းလန့်ပြီးအော်ဖို့လုပ်တော့ သူ့ပါးစပ်ကိုပိတ်လိုက်ပြီးတိုးတိုးနေလို့ပြောသည်
သက်အောင်တိတ်တိတ်လေးနေပြီးနောက် လူတွေရောက်လာသည်

ဟိုနားသွားကြည့်ရအောင်''

အေး ''

ဒီကောင်ဖဲခိုးရိုက်တာငါ့အကြောင်းသိစေရမယ် '

လို့ပြောရင်းသူ့တို့ရှိရာနီးလာတာကြောင့် ထက်ရှိုင်းလည်းကြံရာမရတော့ဘဲ နောက်ဆုံးသက်အောင်ကိုအုပ်ထားတဲ့လက်ကိုဖယ်ပြီး သူဘေးနံရံကိုထောက်ပြီး နမ်းလိုက်သည်
သက်အောင်လည်းသူ့ကိုပါးစပ်ပိတ်ထားရာကဖယ်ပေးပြီး သူ့ကိုအပြင်ထွက်လို့မရအောင်ပိတ်လိုက်တာကြောင့် သူလန့်သွားသည် ပြီးတော့သူ့နူတ်ခမ်းပေါ်ကျလာတဲ့နူတ်ခမ်းတစ်စုံကြောင့်သူ့ရင်ခုန်သွားသည်
ထက်ရှိုင်းလည်းအစကနမ်းယုံဘဲလုပ်လိုက်ပေမဲ့သက်အောင်နူတ်ခမ်းကချိုလွန်းသည်
သူလည်းသက်အောင်နူတ်ခမ်းကို အပေါ်တလှည့်အောက်တလှည့်အနမ်းပေးရင်း သူ့ပါးစပ်ထဲကိုလျှာပါထိုးမွှေလိုက်သည် သူနမ်းနေရင်း အောက်ကအကောင်ပေါက်က သူ့ရင်ဘတ်ကိုထုနေတာကြောင့်သူလွှတ်ပေးလိုက်သည်
သက်အောင်လည်းအစကသူ့နဲ့အတူဦးဆောင်မူနောက်သို့လိုက်ခဲ့သည်
ခဏကြာတော့သူ့အသက်ရှုကြပ်လာလို့ သူ့ရင်ဘတ်ကိုထုတော့မှလွှတ်ပေးသည်
သူလည်းတကယ်လန့်သွားတာပင် ဘယ်သောအခါမှသူစိမ်းယောကျ်ားနဲ့အတူတူတောင်အပြင် နမ်းတယ်ဆိုတာမရှိပါ အခုတော့ သူ့ရှက်လွန်းလို့ထက်ရှိုင်းမျက်နှာကိုမကြည်တော့ဘဲ ပြေးလာခဲ့သည်
သူပြေးပြီးအိမ်ရောက်တော့ သူ့နူတ်ခမ်းထူနေတာကြောင့် မမြင်အောင်အုတ်ရင်းအခန်းထဲဝင်ပြေးလာသည်

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now