Part19 U/Z

196 9 0
                                    

မနက်၇နာရီနှောင်းပိုင်းမှာ ရွာမြောက်ပိုင်းကတော့ မဂ်လာဆောင်အသံတွေနဲ့ပြည့်နှက်နေသည်။ သတို့သားနဲ့သတို့သမီးကလည်းလှိိုက်လှိုက်လှဲလဲဲကိုဆိုကြသည်။ ရွာတောင်းပိုင်းကကောအလယ်ပိုင်းကကော ဆွေမျိုးတွေအိမ်နီးချင်းတွေပါမကျန်ရောက်နေကြသည်။
ဒီလိုနဲ့ ၉နာရီပိုင်းမှာခန့်သော်တို့အုပ်စုရောက်လာသည်။ ကိုယ့်သူငယ်ချင်း မဂ်လာ
ဆောင်ဘဲမလာတာဘယ်ကောင်းမလဲ။
သူတို့၃ယောက်လည်း အာကာနဲ့စကားပြောပြီး ထမင်းဝင်စားလိုက်သည်။
ဟင်းအမျိုးအစားကတော့စုံလှပါတယ်။

'ငါတို့ကောင်ကြီးတောင်မိန်းမယူသွားပြီနော်လို့သက်အောင်ကပြောလိုက်သည်..'

ခန့်သော်ကလည်း ဒိုင်ခံဖြေပေးနေသည်

'ဟုတ်တယ် ငါကတော့ ငါ မဂ်လာဆောင်ရင်ခမ်းခမ်းနားနားလုပ်မှာ ..'

လို့ပြောတော့ တင်မောင်နဲ့သက်အောင်က ဘာလဲဆိုတဲ့အထာဖြင့်ကြည့်လိုက်သည်။

ငါက ငယ်နဲ့လက်ထပ်မှာ ဒါနဲ့သက်အောင်ထက်ရှိုင်းနဲ့အဆင်ပြေလား ..'

ငါကဘာအဆင်ပြေရမှာလဲ စိတ်ညစ်ရတယ်ကြား..?

လို့ပြောတော့ ခန့်သော်ရီချင်သည်။ နောက်ကြမှ မောင် သက်အောင်နဲ့တွေ့ရရင်တော့
မဂ်လာလက်ဖွဲ့ကလက်သီးဘဲရမယ်။
လို့သူတွေးလိုက်သည်
သူတို့စကားပြောပြီးတော့ အိမ်သို့ပြန်လာကြသည် အာကာကိုလည်း တစ်ဝိုင်းချအုံးလို့တောင်းဆိုခဲ့သေးသည်။
ဒီနေ့ညနေပိုင်းတော့ တင်မောင်တစ်ယောက်အလုပ်ရှုတ်နေသည်။ သူတို့ရွာမှာရေထမ်းပြီးပို့တဲ့လူကအဆင်မပြေလို့ သူကိုခဏဝင်လုပ်ပါဆိုလို့ သူလည်းလုပ်ဖို့သဘောတူလိုက်သည်။
သူတအိမ်ဝင်တအိမ်ထွက်နဲ့ ရေပို့လိုက်တာ နောက်ဆုံးသူကြီးအိမ်သို့ရောက်လာခဲ့သည်။
သူလည်းရေအ​မြန်
ပို့ပြီး သူတို့၃ယောက်တိုင်ပင်ထားသလို အာကာကိုနောက်ဖို့ဘဲတွေးနေသည်။
သူလည်းနောက်ပေါက်ကိုဝင်လာတော့ အကျီချွတ်နဲ့ ရေချိုးဖို့ပြင်နေတဲ့ နောင်ဦးကို ကိုမြင်သွားသည်။
နောင်ဦးကိုပုံစံက ဖြူဖွေးပြီးပြည့်ပြည့်လေးဖြစ်သည် ဆံပင်ပုံကလည်းမဟူရာရောင်ဖြစ်သည်။
သူလည်းငေးနေရင်းနောင်ဦးခေါ်မှသိသည်

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now