Part29 U/Z

281 10 0
                                    

ဟက်... ချိုး..

သားနေမကောင်းသေးဘူးလား..

'ဟုတ်တယ်အမေ ကျုပ်နေမကောင်းသေးဘူး'

ခန့်သော်မိုးရွာနေတုန်းယာထဲအလုပ်လုပ်လိုက်တာ နေမကောင်းဖြစ်သွားသည် နေမကောင်းတာအခုဆို၂ရက်ရှိပြီ
သူ့အမေကလည်း နေမကောင်းတော့ဆေးဆရာပင့်ပြီး ဆေးကုထားသည်
အခုလည်း ဆေးတာကုထားတာ အပူကမကျသေး ဆန်ပြုတ်သောက်မလားဆိုတော့ မကြိုက်လို့တဲ့ ကျုပ်ဘာသွားပြောရမလဲ ငယ်ငယ်တည်းကနေမကောင်းဖြစ်ရင်ပိုဆိုးသည် ဂျစ်ကန်ကန်ပြောသည် အခုလည်းဒီတိုင်းပင်
ခန့်သော်နေမကောင်းတော့ ခေတ်နှောင်းကိုလွမ်းမိသည် မတွေ့ရတဲ့၂ရက်မှာအဆင်ပြေပါ့မလားလို့ တွေးနေမိသည်
သူသက်အောင်သတင်းလည်းကြားသည် သူဒေါသဖြစ်ပေမဲ့ သူ့ကကာယကံရှင်မဟုတ်တော့ ဘယ်လိုလုပ်ရမလဲ

ခေတ်နှောင်းဒီနေ့မိုးတွေရွာတော့ စိတ်ထဲလွမ်းဆွတ်မူဖြစ်မိသည် မိုးတွေရွာပြီးလေတွေလည်းပါလာတော့ ဓနိသားလေးလဲနဲနဲယိုင်နေသည်
သူစိတ်ထဲခုနေသည် အကိုဘာမှမဖြစ်ပါစေနဲ့လို့ဆုတောင်းနေမိသည် သူအိမ်ပေါ်တက်မှာ လျှောက်နေတုန်း အကိုတင်မောင်ထီးနဲ့ဝင်လာသည်
အကိုတင်မောင်ကြည့်ရတာ အရေးကြီးနေသည့်ပုံပင်
ကျွန်တော်လည်း စိုးရိမ်စွာဖြင့်မေးလိုက်သည်

အကိုတင်မောင်ဘာဖြစ်လို့လဲ '

ခန့်သော်ဖျားနေတယ် ဆန်ပြုတ်သောက်လို့ပြောတာမသောက်ဘူး ..

'အခြေနေဆိုးလား '

''အဲလောက်မဟုတ်ဘူး အဲဒါဆေးဆရာလာသွားတယ်ဆေးလဲပေးသွားတယ်သည်ကောင်ကဆိုးနေတာ ''

အကိုကတကယ်ပါဘဲကလေးလဲမဟုတ်ဘဲနဲ့
ကျွန်တော်လိုက်ခဲ့မယ် ..

ရလို့လားသူကြီးပြောအုံးမယ် ''

ရပါတယ် ကျွန်တော်ပြောကြည့်လိုက်မယ်..

ခေတ်နှောင်းသူကြီးဆီသွားလိုက်သည် သူကြီးကအခန်းထဲမှာထိုင်ရင်းသတင်းစာဖတ်နေသည် သူကြီးကတော်ကခုမှရေချိုးပြီးကာစထင်သည် သူလည်းသူကြီးဆီသွားပြီးတောင်းဆိုလိုက်သည်

ဦးလေးကျွန်တော်အပြင်သွားချင်လို့ ..

ဘယ်ကိုလဲတူလေးက ?

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Место, где живут истории. Откройте их для себя