Part32 U/Z

176 9 0
                                    

ခန့်သော်တစ်ယောက်သူ့အမေသိတဲ့နေကစပြီး အရာရာကိုပေါ့ပေါ့ပါးပါးဖြတ်သန်းသည် မဟုတ်ရင်သူစိတ်ကအရမ်းမွန်းကြပ်နေသည် အခုလည်းသူခေတ်နှောင်းနဲ့တွေ့ဖို့အရင်နေရာမှာဘဲချိန်းထားသည်
ခေတ်နှောင်းကတစ်နေ့တခြားလှလာသည် ကျုပ်စိတ်မချအရမ်းဖြစ်ရသည် သူ့ကိုတပါးလူတွေလုသွားမှာမလိုလားပါ ငယ့်ကိုအနီးကပ်ကြည့်ရင်ကျုပ်အသက်ရှု ရပ်တန့်နေသလိုပင်
ငယ့်ရဲ့မျက်ခုံးတန်းလေးကတန်းနေပြီးမျက်တောင်လေးတွေကလေယူရာသိမ်းလိုကောင့်နေသည် နူတ်ခမ်းအပေါကဖူးဖူးလေးဖြစ်ပြီးအောက်နူတ်ခမ်းကပါးသည်
ပါးလေးတွေဆိုမဆိုသလောက်ဖောင်းတာကအစချစ်ဖို့ကောင်းသည် မျက်ဝန်းလေးတွေက ကျုပ်ကြာကြာကြည့်လျှင်ရုန်းထွက်ဖို့ခက်တဲ့နွံတွေလိုပင်
ကျုပ်ငယ့်ကိုအကြာကြီးကြည့်မိတဲ့အတောအတွင်း နာရီတွေရပ်တန့်သွားသလိုပင်

အကို...

အင်..ငယ်ပြောလေ..

ငယ့်ခေါ်မှသိတာဆိုတော့ကျုပ်ဘယ်လောက်ငေးနေမိမှန်းငယ်သိလောက်သိသည် အခုလည်းပါးတွေရဲပီးရှက်နေသည်

အကိုပြောစရာရှိလို့လား ..?

''အင်းကိုယ့်အမေက ငယ်နဲ့အကြောင်းကိုသိသွားပြီ ''

တကယ်လား အဒေါ်ကလက်ခံလားဟင်..

လက်ခံတာပေါ့ အဘကိုတော့အမေကကြည့်ပြောပေးမယ်တဲ့..

ကျုပ်သိတာပေါ့ ကျုပ်ပြောလိုက်တော့ငယ့်မျက်နှာလေးညိုးသွားသည် အမေကလက်ခံတယ်ဆိုတော့ ကျုပ်တို့နှစ်ယောက်တွက်မျှော်လင့်ချက်ရှိလာသည်

ငယ်ကောပြောပြီးပြီလား ..

''ဟင့်အင်း အဖေသိရင်ငယ်ဘာဖြစ်မလဲမသိဘူး ငယ်ကြောက်တယ်အကို''

မကြောက်နဲ့နော်ကိုယ်ကာကွယ်ပေးမယ်''..

''အကိုကိုကျေးဇူးတင်ပါတယ် ငယ့်ဘဝထဲဝင်လာပေးလို့''

'ကိုယ်ကသာကျေးဇူးတင်တာပါ ကိုယ့်လိုဘာမှမဟုတ်တဲ့ကောင်ကိုလက်ခံပေးတဲ့အတွက်'

လို့ပြောတော့ခန့်သော်ပါးစပ်ကိုခေတ်နှောင်းလက်ဖြင့်ပိတ်လိုက်သည်

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now