Part13 U/Z

259 10 0
                                    

မနက်၅နာရီဘဲရှိသေးအုတ်မောင်းခေါက်သံတွေကြားရလို့ထလာခဲ့သည်ါ ဒီမနက်အစောထတာက ဝါဆိုသင်ကန်းကပ်ဖို့ ဘုန်းကြီးကျောင်းမှာဝိုင်းလုပ်ခြင်းဖြစ်သည်။
သူတို့မနေ့ညထဲကအသီးရွက်တွေအသားပါဝယ်ထားသည်။
သူကြီးနဲ့သူကြီးကတော်လည်းရောက်လာကြသည် မေသဲနဲ့ပိုးဥတို့အုပ်စုကလည်း သူကြီးတို့ရောက်လို့လာနူတ်ဆက်ကြသည်။
သံဒိုးတို့အုပ်စုအပြင် ခန့်သော်တို့အုပ်စုလည်းရောက်လာသည်။
ခန့်သော်ကတော့ရောက်ထဲကရှာနေတာသူများတွေတောင်သိနေသည်။
သံဒိုးကလည်း ခန့်သော်ကိုလိုက်နောက်နေသည်။

'ကိုကြီးခန့်သော်အလုပ်ကဒီဘက်မှာလေ မျက်လုံးကိုအစာပေးနေတာလား..'

လို့မေးတော့ ဘေးကလူတွေထရီသည်။
ခန့်သော်လည်းရှက်ပြီးဟိုလုပ်ဒီလုပ်နဲ့ပတ်ရှုတ်နေသည်။
တအောင့်ကြာတော့ ခေတ်နှောင်းတို့ရောက်လာကြသည်။
ခန့်သော်လည်းခေတ်နှောင်းရောက်လာတည်းကမရွေ့ပါ။
ခေတ်နှောင်းက တီရှပ်အကျီလေးနဲ့အညာပုဆိုးလေးကိုဝတ်ထားတာအရမ်းလှသည်။ နောက်ကကောက်ကြောင်းတောင်ထွက်နေသည် သူလည်းတံတွေးမြိုချပြီးပြန်လှည့်လိုက်သည်။တော်ကြာတမျိုးအထင်ခံနေရအုံးမည်။
ေခတ်နှောင်းလည်းဘုန်းကြီးကျောင်းထဲဝင်လာထဲကကြည့်နေသည့်အကိုခန့်သော်ကြောင့် စိတ်တွေမငြိမ်ဖြစ်နေသည်။ သူလည်းတနေရာမှာဝင်ထိုင်လိုက်သည်ထိုင်လိုက်တဲ့နေရာကလည်း မေသဲတို့နားဖြစ်သည်။
မေသဲကသူ့ကိုဘူးသီးပေးလိုက်သည် ပြီးတော့ခွှာတံပါပေးသည်။
သူလည်းယူလိုက်ပြီးနွှာလိုက်သည်။ သူနွှာနေရင်းသူ့ကိုဘဲကြည့်နေတဲ့လူတွေကိုတလှည့် ခန့်သော်ကိုတလှည့်ကြည့်လိုက်သည်။
ခဏကြာတော့ ခန့်သော်ရဲ့စကားသံကိုကြားလိုက်ရတာကြောင့် သူအငွေ့ပျံချင်သွားသည်။

သူကြားလိုက်ရတဲ့စကားက..

'မေသဲဘာလို့ငယ့်ကိုဘူးသီးနွှာခိုင်းတာလဲ.
လက်တွေဒဏ်ရာရရင်ဘယ်လိုလုပ်မလဲ..'

လို့မေးတော့ မေသဲမျက်နှာရှုံလိုက်သည် သူလည်းထပြီးပြောလိုက်သည်

'ကိုကြီးခန့်သော်ပိုလွန်းတယ်နော် ..'

ဘာဖြစ်လဲ..?

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now