Part33 U/Z

156 7 0
                                    

မောင်''

ပြောလေသက်..

ထက်ရှိုင်းနဲ့သက်အောင်ညဘက်ချိန်းတွေ့နေတာဖြစ်သည်
လမင်းကြီးကအပေါ်မှာထိန်ထိန်သာနေချိန်ချသ်သူမျက်နှာထက် အလှတွေပြည့်နှက်လို့နေတယ်
ထက်ရှိုင်းသက်အောင်လက်ကိုကိုင်ထားရင်း ပြောလာမဲ့စကားကိုစောင့်နေသည်
သက်အောင်က သက်ပြင်းချရင်းဆိုသည်

''မောင် ငါ့ကိုဘာလို့ချစ်တာလဲ''

'ဘာများလဲလို့သက်ရယ်..
မောင်က သက်ဖြစ်နေလို့ချစ်တာပေါ့ '

ဒါဆိုငါက မင်းချစ်တဲ့သက်အောင်မဟုတ်တော့ရင်ရောဆက်ချစ်နေအုံးမှာလား..

ထက်ရှိုင်း သက်အောင်ရဲ့မေးခွန်းတိုင်းကိုနားမလည်ပေမဲ့ သူပြောလာမဲ့အဖြေကိုစောင့်နေရှာတဲ့ လူတွက်ပြုံးရင်းဖြေလိုက်သည်

''သက်မဟုတ်လည်းမောင်ကချစ်နေမှာ
မောင့်အချစ်တွေကဖြူစင်သန့်ရှင်းပါတယ်''

'တကယ်နော်ငါ့ကိုမထားခဲ့ပါနဲ့ ငါကြောက်လို့ပါ '

ကတိပါ သက်ကိုမောင်ဘယ်တော့မှ မထားခဲ့ဘူး ..

ဆိုရင်းသက်အောင်ရဲ့လက်ကိုကိုင်ထားပြီးအနမ်းပေးလိုက်သည်

သူတို့နှစ်ယောက်စကားတွေအများကြီးပြောဖြစ်ကြပြီး ပြန်ခဲ့ကြသည် နာရီပိုင်းလေးတွေ့ရပေမဲ့လည်း သူတို့ဘဝတွက်အမှတ်တရများစွာဖြစ်နေသည်
မောင်မင်းကို ဘယ်လောက်ချစ်လဲဆို မောင်တစ်ဘဝစာတွက်ပုံအောပြီးချစ်ပါတယ် သက်
အချစ်နဲ့စစ်မှာမတရားတာရှိသလို မောင်တွက်မင်းက မောင့်စစ်မတိုက်ရသေးတာတောင် မင်းရဲ့ခြေတော်ရင်းမှာ အသက်ကောနှလုံးသားကော ပေးဆပ်နေမဲ့လူသားပါ
သက်''

''ဒါကြောင့် မောင့်ကိုမောင်းမထုတ်လိုက်ပါနဲ့ '

ေအာက်အီးအီး...အွတ်..

အူးဝါး....

ခန့်သော်တစ်ယောက် နိုးလာပြီးအောက်ဆင်းလာခဲ့သည်
အောက်ရောက်တော့ သူကြီးနဲ့သူကြီးကတော်အပြင် လူတစ်ယောက်လည်းရောက်နေသည်
သူ့ကြည့်ရတာ ခေတ်နှောင်းအဖေလို့ကျုပ်ထင်သည်
ခန့်သော်ရပ်ကြည့်နေတော့ သူ့အမေကလှမ်းခေါလို့ဆင်းလာခဲ့သည်

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now