Part3 U/Z

586 17 0
                                    

သူတို့၂ယောက်ထန်းတောဘက်သို့ထွက်လာကြသည် ထန်းရည်ဆိုတဲ့အရသာက ဘာနဲ့မှနိူင်းလို့မရပါ ထန်းပင်ကအကုန်အသုံးဝင်သည်
ထန်းပင်ကို ဆေးမြစ်တွေအတွက်အသုံးပြုနိုင်သလို ထန်းသီးကနေ ထန်းရည် ထန်းလျက်လည်းရသည် အချို့ဇီးထန်းလျက်တို့အုန်းထန်းလျက်ကတော့ ထန်းသီးနဲ့ပေါင်းပြီးလုပ်တယ်လို့ကျုပ်ထင်သည်။

သူတို့လည်းလာကော ထန်းရည်ရောင်းတဲ့ဦးမိုးကထန်းပင်ကနေ ဆင်းလာသည်။ သူ့ခါးကြားထဲမှာ ထန်းရည်အိုးနဲ့ဓားလည်းပါသည်
ဦးမိုးကသူ့တို့ကိုတွေ့တော့ ဟိုနေ့က သူထန်းတောမှာရန်ဖြစ်တာကို ပြန်အမှတ်ရသွားသည်။

မင်းတို့ဘာလာလုပ်တာလဲ!

လို့မေးတော့ တင်မောင်နဲ့ခန်သော်သိသည် သူတို့ရန်ဖြစ်လို့ သူကြီးက ထန်းရည် ကိုစည်းနဲ့ကမ်းနဲ့ သောက်ဖို့ အမိန့်ချလိုက်တာဖြစ်သည်။

ဦးမိုးမကြောက်ပါနဲ့ ကျုပ်သူငယ်ချင်းကြီးအသည်းကွဲနေလို့ ပေးတိုက်ပါဗျာ...

ဟုတ်ပြီလေ 'အသည်းကွဲတာဆိုတော့ သောက်ပါ ရန်တော့မဖြစ်နဲ့နော် ငါ့ထန်းတောကြီးအပိတ်ခံနေရအုံးမယ် '

ဟုတ်ကဲ့ပါဗျာ ဒါဆို၃အိုးချပေးပါ အမြည်းက ကြွက်ကင်ပေးပါ"

အင်း..

ဟေ့ရောင် မင်းသိလား ထန်းရည်ကခါးတယ်တဲ့ သောက်တဲ့သူကတော့ချိုနေတာဘဲ ဟွင့်..

ဖြည်းဖြည်းသောက် တင်မောင် ..

မင်းမူးနေပြီ !

ငါမမူးဘူး သောက်အုံးမှာ နောက်၁အိုးလောက် အင့်...

ပြီးတောဘဲ ဒီ၁အိုးဆိုတော်တော့ကွာ

အေး..ဟွင့်.. ငါအန်ချင်အင့်..လာသလိုဘဲ

မင်းကတော့

သူတို့ထန်းရည်သောက်ပြီး ထလာတာ လူကပိုမူးသွားသလိုပင်နေမြင့်လေပိုမူးလေဖြစ်နေသည်။
သူတို့ထန်းတောဘက်ကထွက်လာကြသည်။ ၂ယောက်စလုံးပုဆိုးမနိုင်ပုဝါမနိုင်ဖြစ်နေကြသည်။ ဒီကြားထဲက ခန့်သော်လက်တစ်ဖက်က သူ့ပုဆိုးကိုင်ရင်း နောက်လက်တစ်ဖက်က တင်မောင်ကို တွဲထားသည်။
. ခန့်သော်စိတ်တိုရင်းပြောတဲ့စကားက

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now