Part26 U/Z

191 10 1
                                    

''သက်ရေ သက် ''

ထက်ရှိုင်းစောစောစီးစီးသက်အောင်အိမ်ရှေ့ရောက်ပြီးခေါ်နေတာဖြစ်သည် သူမနေ့ညကအိမ်ထဲမှာထိုင်ရင်းစာဖတ်တုန်း သက်အောင်ညီမမေသဲ အကူညီတောင်းလာတောင်းသည်
သူနဲ့သူ့အမေ ဦးပုဥ် စောင့်မလို့ သူ့အကိုတစ်ယောက်ထဲကျန်ခဲ့မှာကြောင့်ထက်ရှိုင်းဆီလာခဲ့သည်

''အကိုထက်ရှိုင်းကျုပ်တို့မနက်ဖြန်တရက်လုံး ဦးပုဥ် စောင့်မလို့ ကိုကြီးနဲ့နေပေးပါ''

ထက်ရှိုင်းမျက်နှာပြုံးသွားသည် ဒါကသူတွက်အကောင်းဆုံးအကြံဖြစ်သည်

'ရတယ်လေ အကိုကူညီမယ်'

ဒါဆိုကျုပ်သွားပြီနော်..

''အေးဖြေးဖြေးသွားနော် စိတ်ချချနဲ့စောင့်ဦး''

ထက်ရှိုင်းမနက်အစောကြီးထပြီး သက်အောင်နဲ့နေဖို့သူ့အိမ်သို့လာခဲ့သည် သက်အောင်ကခြံတခါးပိတ်ထားတော့ဝင်မရဖြစ်နေသည်
သူလည်းအကြံမရှိတော့ ခေါ်ပြီးအကူညီတောင်းလိုက်သည်

သက်ရေ သက် ..

သက်အောင်သူ့ညီမနဲ့အမေမရှိတုန်းအိပ်မယ်ဆုံးဖြတ်ထားသည်ကို ဘယ်ကာလနာကလာနိူးနေလဲမသိပါ သူလည်းဝိုင်းထဲဆင်းလာတော့ မမြင်ချင်တဲ့မျက်ခွက်ကိုမြင်လိုက်ရသည် သူ့မျက်နှာမြင်တာနဲ့ဟိုနေညကိုတန်းမြင်မိသည်
သူလည်းအယောင်ယောင်အအနဲ့မေးလိုက်သည်

ဘာလဲ ..!!

'မောင်မင်းနဲ့အတူလာနေပေးတာ'

ဘာ..!!

သက်အောင်လည်းသူ့ကိုသူမောင်လို့ခေါ်နေတဲ့သူကိုသတ်ချင်မိသည်

မင်းလာစရာမလိုဘူး ပြန်တော့..

မဟုတ်သေးဘူး သက်ညီမကမောင့်ကို အကူညီတောင်းလို့လာတာ ပြီးတော့သက်ကိုလည်းစိတ်မချဘူး ယောကျ်ားလေးတွေနဲ့ကင်းကင်းနေနော် ..

လို့လာပြောနေတဲ့သူရဲ့မျက်နှာကိုကြည့်ပြီးပြန်စွာလိုက်သည်

'ဒီမှာ မင်းနဲ့ငါကဘာမှမတော်ဘူး'

နောက်ကျတော်မှာဘဲ..

'တိတ် စကားဝင်မဖြတ်နဲ့မပြီးသေးဘူး
မင်းကငါ့ကိုစိတ်မချဘူးပြောရအောင် ဒီမှာနေဒီမှာကြီးတဲ့ကောင်ပါ ယောကျ်ားလေးတွေနဲ့ကင်းကင်းနေရမယ်ဆို မင်းကထိပ်ဆုံးကဘဲ
လို့ပြောပြီးသူအိမ်ထဲဝင်ဖို့ပြန်လှည့်လိုက်သည် '

ဖူးစာဖက်တဲ့ကန်သာရွာ (Completed )Where stories live. Discover now