"သားလေးကြောက်နေပြီထင်တယ် သားရေ
ပါးပါးကိုကြည့်ပါဦး~"
မီးကအထဲမရောက်ဘေမဲ့လဲ
လောင်နေတဲ့အသံနဲ့သစ်ဝါးကွဲသံတွေကဆူညံနေတာမို့
taekookလေးကကြောက်လို့ငိုနေရှာပြီ~
"ဟင့်..အဟင့်..မာမာ~"
"မားမားရှိတယ်သားနော်ပါးပါးလဲရှိတယ်
မငိုရဘူး လိမ္မာတယ်...မွ~"
"အစ်ကိုအသေးလေး တစ်ခုခုမူမမှန်ဘူး
အရက်တွေကဘယ်ကလာပြီးမီးကဘယ်ကစလောင်လဲမသိဘူး ဒီလောက်အေးတဲ့ဆောင်းတွင်းမှာတောမီးလောင်စရာဘာအကြောင်းမှမရှိဘူး~"
"အစ်ကိုကြောက်တယ်မောင်~"
"မကြောက်ပါနဲ့ တစ်ခုခုဖြစ်လာရင်လဲလွတ်ရာကိုပြေးနော်~"
"မောင်လဲအတူတူလိုက်ခဲ့ရမယ်နော်~"
"မဖြစ်ဘူးလေ အခြေနေကြည့်ရမှာပေါ့~"
"ဟင့်အင်း...ဟင့်~"
"မငိုပါနဲ့အစ်ကိုအသေးလေးရယ်
ဘာမှကြီးကြီးမားမားမဖြစ်လောက်ပါဘူး~"
သူ့ရင်ခွင်ထဲငိုနေတဲ့ဂျောင်ကုကိုထယ်ယောင်းကခေါင်းလေးပွတ်ကာချော့နေရင် ဆောင်းရဲ့အအေးဒဏ်ကြောင့်လား
လောင်စာကအရက်ဖြစ်နေတာကြောင့်လားမသိ မီးကငြိမ်းသွားပြီ~
"မီးငြိမ်းသွားပြီ အပြင်ထွက်ရအောင်အစ်ကိုအသေးလေး~"
"အတူတူထွက်ကြမယ်နော်~"
"အင်းပါ လာ~"
ဂျောင်ကုတို့သားအဖကိုဖက်ပြီး
အပြင်ခေါ်ထုတ်သွားရာ အပြင်ဘက်မှာနှင်းတွေဖုံးနေကာ
မီးတွေလဲငွေ့ငွေ့ဘဲကျန်တော့တယ်။
"ခနလေးနော်အစ်ကိုအသေးလေး
ပူသေးလားမောင်စမ်းကြည့်ဦးမယ်~"
"ကရုစိုက်ဦးနော်မောင်~"
"မာမာ~"
"အင်း သားရေ မားမားတို့အိမ်ပြန်ကြမယ်နော်
မကြောက်နဲ့တော့~"
ခနကမှမီးလောင်ထားတော့ကြမ်းပြင်က
အရမ်းပူနေမယ်ထင်ရဘေမဲ့ရာသီဥတုကြောင့်
အရမ်းမပူတော့ဘဲနွေးနွေးလေးသာရှိလေရဲ့~
"မပူဘူး သွားရအောင် အစ်ကိုအသေးလေး~"
"မောင့်သားကိုအရင်ခေါ်ဦး~"
أنت تقرأ
~~ငွေ့~~{Complete}
💜27💜
ابدأ من البداية