EXTRA - 5 ( FINAL )

1.6K 88 115
                                    

#Zawgyi

သည်နေ့တော့ ဟန်နရီဂျွန်လေးပျော်နေသည်။
ဘာကြောင့်ဆို ဟိုကလေးတွေကပြန်ဖို့ရှိတယ်
ဆိုတော့ ဟန်နရီလေးအတော့်ကိုပျော်နေတာ။
အခုလည်းမနက်မိုးလင်းလို့ ဟန်နရီလေးနိုးပြီး
သူ့ကိုကို့ရဲ့နဖူးကိုနမ်းကာ သီချင်းလေးညည်းလို့
ထသည်။ပြီးနောက် ကလေးတွေအကြောင်း
စကားဆိုသည်။သူ့ကိုကိုက နိုးနေတာကို
ဟန်နရီလေးမသိရှာဘူး။

" ဟီးဟီး သူတို့ပြန်ရင်လည်း ကိုကိုကငါ့နားပဲ
နေတော့မှာ၊ကလေးစုတ်တွေ မရှိတော့ဘူး "

ဗန့်ထ်အိပ်ချင်ယောင်ဆောင်ရင်းမှ ပြုံးမိသည်။
မနေ့ညနေက ဟိုကလေးတွေရဲ့မိဘတွေက နေ့လည်လောက်လာခေါ်မည်ဟု ပြောထားသည်။ ထိုသည်ကို သူကကလေးငယ်ကိုပြောပြတော့
အဝတ်အစားတွေကိုဖြစ်သလို ချွတ်ချပြီး
ရေချိုးခန်းထဲသို့ သီချင်းလေးတွေညီးရင်း
မနက်မိုးလင်းထည်းက ပျော်နေသည်ဆိုတာ။

မနေ့ထည်းက သစ်ပင်ပေါ်တက်ပြီးခြေထောက်
လေးတွေယောင်လို့ ရေဆေးပေးရင်ဟန်နရီ့ကို
ဘယ်လောက်ချစ်ကြောင်း ပြောပြထားသည်ကို
မယုံသေး။ကိုကိုက ကလေးထက်ဟိုကောင်လေး
တွေကိုချစ်တယ်ဆိုတာချည်းပြောလို့ မနည်း
ဖြေရှင်းရပါသည်။ယူထားပြီးတာတောင်ကြာပြီ။
အခုထိ ကလေးငယ်ကိုမည်သို့မျှချစ်ကြောင်း
ဖွဲနွဲ့ပြရသေးသည်။ကြားနေရတဲ့ ကလေးတွေနဲ့
အိမ်တော်ထိန်း၊အိမ်အကူအဒေါ်ကြီး၊ကျန်သော
ခြံထဲကအလုပ်သမားများနဲ့ အိမ်တော်ထဲရှိတဲ့
အိမ်အကူအငယ်လေးတွေလည်း နားညီးနေ
လောက်ပြီထင်ပါ့။

" ကလေးငယ် ရေချိုးခန်းထဲရောက်နေပြီလား၊
ရေချိုးနေပြီလား၊ကိုယ်ဝက်လာပြီး ရေချိုးပေးရ
မလား ကလေးငယ်လေး "

" ရှိ...ရှိ ကိုကို "

ဗန့်ထ်အိပ်ယာမှထကာ ကလေးငယ်ချွတ်ထား
သည့်အဝတ်အစားလေးတွေကို ကောက်ကာ
အခန်းတံခါးနားကိုသွားပြီး တံခါးကိုဂျက်ချ
ခဲ့သည်။

ပြီးတော့မှရေချိုးခန်းထဲဝင်လာခဲ့သည်။
အထဲရောက်တော့ကလေးငယ်က ရေချိုးကန်ထဲဆင်းနေပြီး တစ်ကိုယ်လုံးကို
တိုက်ချွတ်နေသည်။ဗန့်ထ်မှာအမြန်ပင်
သွားတိုက်ပြီး ကလေးငယ်ဘက်ကိုလှည့်တော့ ကလေးငယ်ကလက်ထဲ သူ့ကိုယ်သူထပ်
မတိုက်တော့ဘဲ သူ့လက်ထဲထည့်ပေးသည်။

8 Letters ( Completed )حيث تعيش القصص. اكتشف الآن