CHAPTER - 24 ( Part - 1 )

941 97 150
                                    

#Zawgyi

" အဲ့ဒါဖြစ်နိုင်လို့လား၊ထင်တောင်မထင်ရဘူး၊
ကျွန်တော်တို့က အဖေတူအမေကွဲတောင် ထင်နေကြတာလေ "

ဒန်နီယယ်ကဖြေလိုက်ရော ဦးလေးကြီးက ခေါင်းညိမ့်လိုက်ပြီး တွေးစစဖြစ်နေတယ်။
ဗန့်ထ်ကရိပ်မိတော့ ဦးလေးကြီးကိုစကားစဖို့
ထပ်ပြောလိုက်သည်။

" ကျွန်တော်တို့ကို သေချာပြောပြပေးပါ၊
ကလေးငယ်လေးရဲ့မွေးနေ့ရောက်တော့မှာမို့
ကျွန်တော်က မခံစားစေချင်တာပါ ကိစ္စတွေ
အားလုံးရဲ့အဖြစ်မှန်ကိုသိချင်တာမို့ အမှန်တိုင်း
ပြောပြပေးပါ "

ဗန့်ထ်ရဲ့စကားအဆုံး ဦးလေးကြီးဟာ မစ္စဟန်နီရဲ့
စာအုပ်ကိုချကာ ပြတင်းပေါက်နားသို့ လမ်းလျှောက်သွားပြီး အပြင်ဘက်ကိုကြည့်ရင်း..

" ဟင်း....ဂျွန်ဖီးလစ်သမ္မတဖြစ်ဖို့အတွက် မိဘတွေကရွေးကောက်ပွဲအတွက် ကြိုးပမ်းနေရတဲ့အချိန်ကပေါ့၊မစ္စဟန်နီနဲ့
ချိန်းတွေ့ကြပြီး ညဘက်ကြီးမစ္စဟန်နီအိမ်မှာ
အိပ်ရင်းကနေ နောက်နေ့ကစလို့ မစ္စဟန်နီကိုယ်တိုင်ဘက်က ဆက်မသွယ်လို့ဆိုပြီး စိတ်မကောင်းဖြစ်နေတာ "

လွန်ခဲ့သောနှစ်အနည်းငယ်ဆီသို့.....။

" ဟ့ ! ဟန်နီက ငါ့ကိုမဆက်သွယ်ဘူးကွာ၊
ငါရင်တွေ ဘယ်လောက်ပူနေလဲဆိုတာသိလား "

အခုတော့ ဂျွန်ဖီးလစ်ဟာ မစ္စဟန်နီတို့ရဲ့ ကျေးရွာအနီးနားကဈေးထဲရှိ စားသောက်ဆိုင်၌
ယာမကာသောက်ရင်း သူ့စိတ်ထဲပူလောင်နေ
တာကိုဖြေရှင်းနေမိ၏။

" မဟုတ်ပါဘူး သခင်လေးရယ်၊မမလေးက
ရှက်သွားလို့နေမှာပါ၊သခင်လေးရဲ့အတွေးတွေ
ပြောင်းလဲသွားလို့ မဖြစ်ဘူးလေ... "

ဘန်ကတော့ သခင်လေးဂျွန်ဖီးလစ်ရဲ့ စိတ်ပူပင်မှုကို ဘေးကနေဘာမှမသောက်ဘဲ
ဝင်ဖြေရှင်းပေးရသည်။သူသောက်လို့မဖြစ်ပါ၊
သူသောက်ရင်တော့ သမ္မတနဲ့သမ္မတကတော်က
သူ့အားဆူပူမည်ဖြစ်သည်။သူ့သားကိုထိန်းဖို့
ထည့်လိုက်တာကို လိုက်သောက်နေရင် အခြေအနေက ပိုးဆိုးသွားမည်။

" ငါကဟန်နီ့ကို သိပ်ချစ်တဲ့ကောင်ပါကွ၊ငါက
တာဝန်မယူတက်တဲ့ ကောင်မဟုတ်ဘူးလေ၊
ဟန်နီကကွာ အဲ့ဒီအစား စာလေးပဲပို့တယ်၊
ဟန်နီကိုခဏလောက်မေ့ထားပြီး သမ္မတဖြစ်ဖို့
အရင်ကြိုးစားပါတဲ့ကွာ "

8 Letters ( Completed )Where stories live. Discover now