CHAPTER - 24 ( Part - 2 )

865 86 244
                                    

#Zawgyi

" ကိုကို ကလေးကိုခေါ်သွားပါ၊ကလေးလည်း
ကိုကိုတို့နဲ့လိုက်ချင်တယ်၊ဒန်န်ီယယ်လည်း ပါတယ်၊ဦးလေးဘန်လည်းပါတာကို၊ကလေးနဲ့
အစ်ကိုရိုင်လီကိုကြထားခဲ့တယ် ကိုကို "

ဗန့်ထ်မှာ အခက်တွေ့နေရပြီ။ဘာကြောင့်ဆို
ဟန်နရီလေးက သူတို့နဲ့လိုက်မည်ဆိုကာ
ပူဆာနေတာကြောင့်ပင်။ညတုန်းကတော့
ကြောက်လို့မလိုက်ဖူးဟု ငြင်းနေတဲ့ကလေးက
အခုကြ ဗန့်ထ်ရှိနေလို့လိုက်မည်ဟုဖြေနေတယ်။

" ကလေးငယ် ညကကြောက်တယ်ဆို၊တော်ကြာ
ကိုယ့်ကလေးငယ်လေး လန်နေလိမ့်မယ်လေ "

ဟန်နရီလေးကိုသေချာချော့ကာ အိမ်မှာနေဖို့
ပြောလိုက်ပေမဲ့ ကလေးကလက်မခံဘဲ ခေါင်းခါပြတယ်။ကလေးငယ်က အတင်းကို
လိုက်ချင်နေတာလေ။

သူလည်းစိတ်မချတာမို့ ကလေးငယ်ကို ခေါ်သွားရန်သာ စီစဉ်လိုက်သည်။ပြီးရင်တော့
သူမပုံကိုမမြင်အောင် သေချာစီစဉ်ထားရရင်ပေါ့။
ဗန့်ထ်ကသက်ပြင်းချလိုက်ရင်း...

" ကိုကို... ကလေးကိုလိုက်ခွင့်ပြုပါနော်၊ကလေး
ငြိမ်ငြိမ်လေး ကိုကို့ဘေးနားနေပါ့မယ် "

ကလေးငယ်ရဲ့စကားကြောင့် ဗန့်ထ်ကြောင်သွား
တယ်။သူ့ကိုရှုပ်လို့မခေါ်ချင်တာဟုသာ ကလေးက
တွေးထင်သွားပုံပင်။ထိုကဲ့သို့မဟုတ်ရကြောင်းဆို
တာ ကလေးငယ်ကိုရှင်းပြရမည်မို့ ကလေးငယ်ကို အင်္ကျီသေချာဝတ်ပေးလိုက်ပြီး ကုတင်ပေါ်ထိုင်
စေပြီး သူကကလေးငယ်ရှေ့ဒူးထောက်ထိုင်ချ၍
ရှင်းပြတယ်။

" ကလေးငယ်ကို ကိုယ်ရှုပ်တယ်လို့မတွေးဘူး၊
ဒါပေမဲ့တစ်ခုတော့ရှိတယ်၊ကိုယ့်ကလေးငယ်ကို
အဲ့တစ်ယောက်မြင်သွားမှာဆိုးလို့ ကိုယ်က စိတ်မချလို့ ကလေးငယ်ငိုမှာဆိုးလို့ မခေါ်တာ "

" အိုက်တူး ! မစိုးရိမ်ပါနဲ့၊ကလေးဘေးနားမှာ ကိုကိုရှိတယ်လေ၊မလိုဘူး၊ကလေးက ကိုကို့ကို
မခွဲချင်လို့ ကိုကို့အနားကပ်ချင်နေတာ၊ဘာလဲ...
ကိုကိုက အခုထည်းကစလို့ ကလေးကို မယူရသေးခင် အနိုင်ကျင့်နေတာမလား "

ကလေးငယ်ရဲ့စကားအဆုံး ဗန့်ထ်က နှစ်ချိုက်စွာပြုံးလိုက်မိတယ်။သို့သော်လည်း
ဗန့်ထ်က သူ့ကလေးငယ်ရဲ့လက်ဖြူလေးကို
ဆွဲယူနမ်းရှိုက်လို့ ဖြေလိုက်သည်။

8 Letters ( Completed )Where stories live. Discover now