CHAPTER - 7

1.3K 129 59
                                    

#Zawgyi

" ဟင့်...အီးဟီး..ကိုကိုက ကလေးကိုမချစ်ဘူး၊
ကိုကိုက ကလေးကိုအဖြေမပေးဘူး၊ကလေးကိုဆို
ဘယ်သူမှမချစ်ဘူး၊ကိုကိုလည်းမချစ်ဘူး။ "

ဟန်နရီလေးတစ်ယောက် ခြံထဲ၌ငိုနေသည့်အသံ။
ဟိုတစ်နေ့က ကိုကို့ကိုတွဲဖို့ပြောတော့ လက်မခံသည့်ကိုကို့ကြောင့် ဝမ်းနည်းနေတာဖြစ်
သည်။အခုလည်းကလေးကိုတောင် အသိမပေးဘဲ
အပြင်ထွက်သွားသည့်ကိစ္စကြောင့် ပိုစိတ်ဆိုးနေ
တာဆို ပိုမှန်မည်။

" ဟန်နရီလေး ဘာလို့ငိုနေတာလဲဟင်... "

ရိုင်လီက ခြံဘက်ဆင်းလာရင်း ဟန်နရီလေးငိုနေ
သည့်ငိုသံကို ကြားသည်ကြောင့် ဟန်နရီလေးထိုင်
နေသည့်ဘေးတွင်ထိုင်ကာ မေးလေသည်။
ဟန်နရီလေးကတော့ သူ့စကားကိုဂရုမစိုက်ဟန်
ပိုလို့ကို တိုးငိုလေသည်။

" အစ်ကို့ကို ဘာမှမသိုဝှက်ထားပဲ တိုင်ပင်တာမျိုး
လုပ်လို့ရပါတယ်နော်၊အစ်ကိုက ဟန်နရီလေးကို
ကူညီချင်လို့ပါ။ "

" နိုး...ဟင့်...အီးဟီး... "

ရိုင်လီကမေးသည်ကို ပိုတိုးလို့ငိုနေတဲ့ ဟန်နရီလေးကြောင့် ပိုစိတ်ပူရပါသည်။
ပြီးနောက်မှ ရှိုက်သံလေးကြားကနေ စကားသံလေးထွက်လာသည်။

" ဟင့်...ရွှတ်...ကိုကိုက ကလေးကိုမချစ်ဘူးတဲ့၊
အဲ့ဒါ မင်းကြောင့်...ကိုကိုကမင်းကိုကြိုက်နေလို့
ငါ့ကိုမချစ်တာ... "

နောက်ဆုံးတော့ အဖြေသိလိုက်ရပါပြီ။

" ရော်... ခက်ပါရဲ့၊ဟန်နရီလေး အစ်ကိုဗန့်ထ်က
အစ်ကို့ကိုသဘောကျနေတာမဟုတ်ဘူးရယ်၊
ဒီတိုင်းညီအစ်ကိုလိုခင်တွယ်နေကြတာ "

" ကိုကိုက ဟန်နရီကိုမချစ်ဘူး ရိုင်လီ "

နောက်ဆုံးတော့ သူ့နာမည်ထွက်လာပါပြီ။
ရိုင်လီတဲ့!ရိုင်လီဆိုတဲ့ခေါ်သံလေးထွက်လာတာက
အစ်ကိုနဲ့သူ့ကြားအထင်လွဲနေသည့်စကားကို
ထုတ်ဖော်ပြောပြလိုက်သည်မို့ သူစိတ်က အေးသွားသည်ထင်ပါ့။

" မချစ်တာမဟုတ်လောက်ပါဘူး ဟန်နရီရယ်၊
အစ်ကိုဗန့်ထ်က သူကလူကြီးဆိုတော့ အေးဆေး
နေတက်တဲ့သူလေ၊အချစ်ရေးအချစ်ရာကို မစဉ်း
စားနေတာထင်မှာပေါ့ "

8 Letters ( Completed )Where stories live. Discover now