CHAPTER - 14

1.2K 115 104
                                    

#Zawgyi

" ကိုကို့ကို မခွဲချင်ဘူးရယ် ကိုကိုပါ လိုက်ခဲ့ပါလားဟင်နော် ကိုကိုလိုက်ခဲ့ပါလို့ ဟင့် "

အခုဆိုရင်တော့ မနက်ပိုင်းလေယျာဉ်ဖြင့် ဂင်မ်ဗန့်ထ်မှာ သူ၏တစ်ဦးထည်းသော
ချစ်သူလေးဟန်နရီဂျွန်ရော ဒန်နီယယ်တို့ကိုပါ
လိုက်ပို့ပေးရတော့သည်။အကြောင်းကား
လန်ဒန်ပြန်ရတော့မည် ဆိုသည်ပေါ့။

" ကလေးငယ်ရယ် ကိုယ်လည်းလိုက်ချင်ပေမဲ့
မဖြစ်ဘူးလေ၊ကိုယ့်အလုပ်တွေကရှိသေးတယ်၊
ကိုယ်က သာမန်အလုပ်လုပ်တဲ့သူမှမဟုတ်ပဲ
ကိုယ့်နိုင်ငံအတွက် သံတမန်တစ်ယောက်အဖြစ်
ရှိနေတယ်ရတယ်လေ "

ဂင်မ်ဗန့်ထ်ကိုယ်တိုင်လည်း စိတ်မကောင်းပါ။
သူကိုယ်တိုင်လည်း လိုက်ချင်ပေမဲ့ သူ၏အလုပ်တွေက မပြီးပြတ်သေးတာမို့
သူလိုက်မသွားဖြစ်ပါ။

" ဟင့် ကိုကိုနဲ့ချစ်သူဖြစ်တာတောင်မကြာသေး
ဘူးရယ်၊ဒါတောင် ဒယ်ဒီကဘာကိစ္စကြောင့် ခေါ်မှန်းလည်းမသိဘူး ဟင့်...ကိုကို့ ကလေးမရှိတုန်း ဂရုစိုက်နော် အကယ်၍
ကိုကိုအားရင် ကလေးရှိလာခဲ့နော် "

ကလေးငယ်လေးက ဂင်မ်ဗန့်ထ်ကို ဂရုစိုက်ဖို့ရော၊သေးသေးလေးကအစ
မှာကြားနေလေသည်။တကယ်တော့
မှာကြားဖို့လိုသည်က ဒီကလေးငယ်
အဆိုးလေးကိုမဟုတ်လား။

" ကိုယ်လာခဲ့ပါ့မယ် ချစ်တယ်ကလေးငယ်လေး
ကိုယ် ကလေးငယ်အတွက် စာရေးပို့လိုက်မယ် "

" ဟုတ်ကဲ့ ကိုကို၊ကိုကို့စာကိုမျှော်နေမယ်နော်၊
ပြီးရင် ကိုကို့အတွက်ပါစာပြန်ရေးလိုက်မယ် "

" မစ္စတာဗန့်ထ် ကျွန်တော်တို့လေယျာဉ်ချိန်နီး
နေပြီထင်တယ်၊နောက်မှစာနဲ့အလွမ်းသယ်
ကြပါဗျာ "

နှစ်ယောက်သားစကားပြောနေတာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်ပါဘဲ
မိုးမမြင်၊လေမမြင်ဖြစ်နေသည်မို့ ကြားကနေ
ဒန်နီယယ်ကဝင်ဖြန်ဖြေရသည်။

" ဟုတ်ပါ့ သားတို့ရယ် ဟန်နရီလေးတို့ အိမ်ပြန်ဖို့အတွက် လေယျာဉ်ချိန်နီးနေပြီလေ "

ဂင်မ်အန်နာဆိုသည်လည်း စိတ်မကောင်းသည့်
မျက်နှာထားဖြင့်ဆိုလာသည်။သူမကိုယ်တိုင်က
ဟန်နရီလေး ထိုအိမ်မှာနေစဉ်အတွင်း သံယောဇဉ်တွယ်သွားသည်မို့ သူမလည်း မခွဲခွာချင်ပေမဲ့ အိမ်ပြန်ရမည်ကလေးကိုတော့
သူမနှုတ်ဆက်ရမည်လေ။

8 Letters ( Completed )Where stories live. Discover now