CHPATER - 9

1.3K 139 172
                                    

#Zawgyi

သည်နေတော့ ဂင်မ်ဗန့်ထ်မရှိချိန်တွင် ဟန်နရီဂျွန်လေးအပြင် ရိုင်လီ၊ဒန်နီယယ်တို့သာရှိ
သည်။မာမီကသူငယ်ချင်းတွေနဲ့တွဲသွားရင်း
ဒယ်ဒီကတော့ သူ့ရဲ့ကိစ္စကြောင့်အလုပ်သွားရ
သည်ပေါ့။ထိုတော့ ဟန်နရီလေးမှာမူ ရိုင်လီနဲ့အတူ ခြံထဲစကားပြောနေကြသည်။

" အဲ့နေ့ကစတော်ဘယ်ရီခြံထဲအတူတူအဆင်ပြေ
ခဲ့ကြတယ်ပေါ့ ဟီးဟီး "

ဟိုတစ်နေ့ကအတူတူသွားခဲ့ကြသည့်အကြောင်း
ရိုင်လီ့အား ပြောပြနေတာမို့ ရိုင်လီမှာမူအများ
ကြီးသဘောကျနေသည်။သို့သော် ပြောပြလိုက်တဲ့
ဟန်နရီလေးကတော့ ရှက်နေသည်ပေါ့ !

" အွန်း...ဟုတ်ပါတယ်ဆို၊ရိုင်လီကလည်း ခဏခဏမေးနေတော့တာပဲ ဟန်နရီလေးရှက်
နေပြီလို့ "

" အမလေးဗျာ ရှက်နေသေးတယ်၊မနက်ကလေး
တင် အစ်ကိုဗန့်ထ်ကသည်းပြနေတာသိလား၊
အလုပ်တောင်ကူမလုပ်နဲ့ဆိုပဲ "

ရိုင်လီ့စကားကြောင့် ဟန်နရီဂျွန်လေးပြုံးသည်။
ဟုတ်သည်!မနက်ကဆို ကိုကိုကဟန်နရီလေးကို
အိမ်အလုပ်ဆိုရှိနေသည့်အလုပ်တွေကိုတောင်
မလုပ်ခိုင်းပါဘဲ နားနားနေနေသာရှိစေသည်။
ဂရေစ့်ရှိနေတာတောင် ကိုကိုကအနေအထိုင်ဆင်
ခြေသွားတာပဲဟု ဟန်နရီလေးတွေးမိသည်။


" အခုမှပဲ ဟန်နရီလေးပျော်တော့တယ်၊ဟန်နရီ
ချစ်သူတွေများဖြစ်ရင် အစ်ကိုနဲ့ဒန်နီယယ်ကို
ဘာကျွေးမှာတုန်းဗျ "

" ကိုကိုရှီက မေတ္တာရှိကြောင်းတောင် မသိရသေး
တာ အစ်ကိုရိုင်လီကလည်း လောလိုက်တာ "

ဟန်နရီဂျွန်လေးစကားကြောင့် ရိုင်လီ့မှာ ရယ်လိုက်မိသည်။ထိုစဉ် အနားလျှောက်လာနေ
သည့် ဂရေစ့်ဂျွန်ကြောင့် ရိုင်လီလည်းရယ်တာ
ရပ်သွားသလို ဟန်နရီလေးမှာမူမျက်နှာပျက်သွား
သည်။

" ဟန်နရီ မမတို့စကားပြောရအောင်လေ... "

" ငါမအားဘူး၊ငါဒီမှာ အစ်ကိုရိုင်လီနဲ့စကားပြော
နေတယ်၊နင့်ကိုစကားပြန်ပြောဖို့မအားဘူး "

ဟန်နရီဂျွန်လေးအသံဟာ ခပ်ပြတ်ပြတ်။
သို့သော်လည်း ဂရေစ့်မှာမူမျက်နှာပျက်ချင်း
တစ်စိုးတစ်စိမျှမရှိပေ။ဟန်နရီလေးအား နောက်တစ်ကြိမ်ထပ်ခေါ်ပြန်သည် !

8 Letters ( Completed )Where stories live. Discover now