CHAPTER - 2

1.7K 188 149
                                    

#Zawgyi

ညရောက်တော့ သမ္မတကြီးနဲ့စာဖတ်ခန်းထဲမှာ
စကားစမြည်ဖြစ်နေကြသည်။အကြောင်းရင်းက
အလုပ်ကိစ္စကြောင့်ပေါ့။

" သံအမတ်ဂင်မ်က တကယ်တော်တဲ့သူပဲ၊
ကိုယ်တိုင်ကအရည်အချင်းရှိတဲ့အပြင် သားဖြစ်သူကိုလည်း ကိုယ့်လိုပုံသွင်းနိုင်ခဲ့တာပဲ "

" ဟာ..အဲ့လိုမဟုတ်ရပါဘူးဗျာ "

ဂင်မ်ဗန့်ထ်ကဂုတ်ပိုးကိုပွတ်ရင်း ခပ်ဟဟရယ်ရင်းဖြေသည်။

" ဒါဖြင့်ဒီမှာအကြာကြီးနေရင်း အေးအေးလေ့လာ
သွားပါကွာ၊ပြီးတော့ သမ္မတကြီးလို့မခေါ်နဲ့၊
ရင်းနှီးအောင်လို့ အန်ကယ်လို့သာခေါ်ကွာ "

" ဟုတ်ကဲ့...ကျွန်တော်အဲ့လိုခေါ်ပါ့မယ်
ဒါနဲ့လေ မနက်ကျကျွန်တော်စာကြည့်ခန်းထဲက
စာအုပ်တွေယူဖတ်လို့ရမလား၊နေ့လည်က
ထမင်းစားပြီးအခန်းတစ်ခန်းရှေ့အဖြတ် စာကြည့်ခန်းကြီးကို သန့်ရှင်းရေးလုပ်နေတာ
မြင်လိုက်လို့ဗျ "

ဂင်မ်ဗန့်ထ်ကစာဖတ်ရတာဝါသနာပါသည်မို့
သူခွင့်တောင်းသည်။သမ္မတကြီးက စဉ်းစားဟန်မရှိဘဲ ချက်ချင်းထုတ်ပြောသည်။

" ရတာပေါ့ ဂင်မ်ဗန့်ထ်၊စာအုပ်ဖတ်ရတာကို
ငါကိုယ်တိုင်လည်း ဝါသနာပါခဲ့တယ်ကွာ၊
မင်းလည်းလိုရာစာအုပ်ကိုဖတ်နိုင်ပါတယ် "

" ကျေးဇူးတင်ပါတယ် အန်ကယ် "

သူကကျေးဇူးတင်စကားပြောရင်း နေ့လည်က
ဟန်နရီလေးနဲ့သူ့အစ်မတို့မတည့်ကြောင်းကို
သတိထားမိတော့ မေးလေရဲ့။

" စိတ်တော့မရှိပါနဲ့ဗျာ၊မနက်က ဟန်နရီနဲ့ဂရေစ့်
တို့က အမြဲလိုလိုရန်ဖြစ်နေသလားဗျ "

" ဖြစ်တာပေါ့ကွာ၊နှစ်ယောက်လုံးက ဆိုးတာချင်းက မတူဘူး၊ပြောရရင်တော့
သူတို့ကမောင်နှမအရင်းတွေမဟုတ်ကြဘူး၊
အန်ကယ်ရဲ့မိဘတွေပေးစားလို့ယူရတဲ့မိန်းမ
မွေးတဲ့သူက သမီးကြီးလေ၊သားငယ်ကတော့
အန်ကယ်နှစ်သက်သဘောကျတဲ့ မိန်းကလေးက
မွေးတဲ့သူပါ၊အန်ကယ်ချစ်တဲ့မိန်းမနဲ့ သိပ်တူတာမို့
သားငယ်ကိုအလိုလိုက်ထားတာ၊အခုတော့ အစ်မဖြစ်သူကို ငယ်ငယ်ကထည်းက ဆိုးနေတာပေါ့၊သမီးကြီးကလည်း မောင်ကို ညှာတာပေးရှာပါတယ် ဒါကိုသားငယ်က ဆိုးနေရှာရော "

8 Letters ( Completed )Where stories live. Discover now