CHAPTER - 5

1.6K 163 152
                                    

#Zawgyi

တိတ်ဆိတ်နေချိန်...မနက်မိုးလင်းဆဲဆဲ...
သို့သော် သမ္မတအိမ်တော်ရာ၌မည်သူတစ်ဦး တစ်ယောက်မှမနိုးသေးခင်ဟန်နရီဂျွန်လေးဟာ
ပထမဆုံးအစောကြီးနိုးနေသူလေးရယ်လေ။

အကြောင်းကား ဒီနေ့ကိုကိုနဲ့အတူ ဟန်းတူးလိုက်ရမည်ဆိုတဲ့ ရည်ရွှယ်ချက်မို့!
ကိုကိုကလည်း ခေါ်တယ်တဲ့!ဦးလေးကြီးဆို
ပျော်ပျော်ရွှင်ရွှင်နဲ့ကို အဝတ်အစားတွေထည့်
ပေးလေရဲ့!ပြီးတော့...ပြီးတော့ အရေးကြီးသော
ကိုကိုပေးထားတဲ့ သူ့ကိုရိုက်ပေးထားတဲ့ ပုံလှလှလေးရပြီတဲ့!အဖြူအမဲပုံလေးနဲ့တောင်
ဟန်နရီလေးက လှလှလေး!

" ခစ်ခစ်...ကိုကို့နဲ့ကြာကြီးနေရတော့မယ်၊
ကလေးရဲ့နှလုံးသားထဲကိုကိုရောက်နေပြီ၊
ကိုကို့နှလုံးသားထဲသာ ကလေးရောက်ဖို့လိုနေ
တာမို့ ဟန်းတူးမှာကထည်းက အပိုင်သိမ်းမှာ "

သူ့အပြောနဲ့သူဟုတ်နေသည့်ကလေးကိုကြည့်ကာ
အခန်းရှေ့ရှိ ဖခင်ဖြစ်သူနဲ့ငယ်စဉ်ကထည်းက
ထိန်းကျောင်းလာရသော အိမ်တော်ထိန်းက
ပြုံးရင်းကြည့်လေရဲ့။

ဟန်နရီလေးက ငယ်စဉ်ကထည်းက သူတို့ထိန်းလာရတဲ့ကလေးလေး။
အသက်အရွယ်ကယခုမှ ၁၇နှစ်သာရှိသေး။
အရမ်းကိုတက်ကြွဖြတ်လတ်၏။

" သားငယ်က ဟန်နီနဲ့တစ်ပုံစံထည်းနော်၊ဟန်နီလို
အသွက်လေးမို့ ကျွန်တော့်မှာသည်းရတာပဲ အိမ်တော်ထိန်းကြီးရယ် "

" သမ္မတကတော်သာမြင်ရင် အရွယ်ရောက်နေတဲ့
ဟန်နရီလေးက အသည်းယားနေမှာ "

ဖခင်ဖြစ်သူက သူ့သားငယ်လေး၏ အမူအရာ
အသွင်အပြင်ကိုကြည့်ကာ ရယ်ရင်းဆို၏။
သူ့သားငယ်က အရွယ်ရောက်လာလေလေ
သူ၏ချစ်ရတဲ့ဇနီးနဲ့တူလာသည်မို့ သူ့မှာဒီသား
ငယ်ကို တကဲကဲ။သမီးကြီးထက်တော့ ပိုအချစ်ပို
ရပါသည်။

အားလုံးပြီးသွားနောက်မှာတော့ ဟန်နရီဂျွန်က
ရေချိုးသန့်စင်သည်။ကိုကိုနဲ့အတူ လေယျာဉ်စီး
တာကအစတူတူထိုင်မှာမို့ လိုက်ဖက်တဲ့သူအဖြစ်
ကိုကို့ဘေးနားနေမည်။ရေချိုးသန့်စင်ကာ
ကိုယ့်ကိုကိုယ်မွှေမွှေးလေးဖြစ်အောင်ပြင်ဆင်ရင်း
ရှပ်လက်တိုအဖြူလက်တိုဝတ်၍ အညိုရောင်
ချည်ဘောင်းဘီကိုတွဲဝတ်သည်။နောက်ဆုံးအနေ
့ဖြင့် လည်စည်းအညိုလေးကိုတွဲချည်၍ မိမိ၏
ပုံရိပ်အား ကြေးမုံပြင်တွင် တစ်ပတ်လည်အောင်
လှည့်၍ကြည့်နေသည်။

8 Letters ( Completed )Where stories live. Discover now