CHAPTER - 23

1K 87 176
                                    

#Zawgyi

ဒန်နီယယ်နဲ့စကားပြောပြီးနောက် ကလေးငယ်က
အခန်းထဲအိပ်နေတုန်းမို့ စာကြည့်ခန်းထဲ
ဗန့်ထ်ရောက်လာခဲ့သည်။ကလေးငယ် မတော်တဆဖြစ်တဲ့နေ့ထည်းက ထိုအခန်းကို
သူမဝင်ကြည့်ဖြစ်ဘဲ စာအုပ်တွေကိုသာ ဖက်လက်စထားခဲ့မိတာဖြစ်တယ်။

သည်နေတော့ ဒန်နီယယ်နဲ့စကားပြောရင်း ကလေးငယ်ဘဝလေးကို ဆက်သိချင်တာကြောင့်
ထပ်ဖတ်ချင်တာမို့ ရောက်လာခဲ့သည်။

" ကိုယ်ဒီနေ့တော့ ကလေးငယ်ရဲ့အရာအားလုံးကို
ပိုသိချင်မိသွားပြီကွာ၊ကိုယ့်ကလေးငယ်လေးက
ဘယ်လောက်တောင် ကြောက်နေမလဲဆိုတာ
တွေးကြည့်မိတာနဲ့တင် ရင်နာတယ် "

ဗန့်ထ်ထိုသို့ပြောရင်း အပေါ်ထပ်သို့ ကလေးငယ်ရဲ့စာအုပ်ယူလာကာ
ကုတင်ဘေးကစားပွဲ၌ထိုင်ပြီး ငယ်ဘဝလေးတွေကို ပြန်ဖတ်နေသည်။
သိုပေမဲ့ သူထပ်ယူဖို့မေကျန်နေသည်က
မစ္စဟန်နီနဲ့သမ္မတဂျွန်ရဲ့ ဇာတ်လမ်းအကြောင်း
ဖြစ်သည်။

တွေ့လိုက်ရသည်က ကလေးငယ်လေးက
သူ့မာမီနဲ့ဒယ်ဒီပုံကိုကြည့်နေတဲ့ပုံလေး။
စာရဲ့ဖော်ပြထားတဲ့စာလေးက ကလေးငယ်က
မာမီနဲ့ဒယ်ဒယ်လို့ ခေါ်နေတာတဲ့။တစ်နည်း
စကားလေးတွေပြောတက်လာတော့ သွက်လာတဲ့
အရွယ်လေးပေါ့လေ။

' မာမီ့ဟန်နရီလေး ၃နှစ်သားအရွယ်လေးရောက်
ွလို့ ဖိုးနဲ့ဖွားတို့ကိုလည်း ချွဲနေပြီ၊ဒါတင်မဟုတ်
သူ့ဒယ်ဒီကိုပါ ဒယ်ဒယ်ဆိုပြီးချွဲနေတက်တာ၊
မာမီ့ကိုကြ မာမာတဲ့ ချစ်စရာလေးပဲ မာမီ့ဟန်နရီလေးက '

မိခင်ဖြစ်သူက သူ့သားငယ်လေးစကားတက်ပုံကို
ညွှန်းချထားတာမို့ ဗန့်ထ်ကသဘောတကျ ဖြစ်နေတယ်။

ထို့နောက်ပုံတွေထပ်ကြည့်တယ်။ကလေးငယ်ရဲ့
၃နှစ်အရွယ်ရေချိုးနေတဲ့ပုံလေး။ဆံပင်ရွှေရောင်ကဂုတ်ထောက်နေပြီဖြစ်တာမို့ ချစ်စရာလေးဖြစ်
သလို၊သဘတ်အဖြူကိုကလေးငယ်လေးအား
လုံးပတ်ပေးထားတော့ လုံးလုံးဖြစ်နေတယ်။

' မာမီ့ဟန်နရီလေးက သိပ်ကိုရှက်တက်တာပဲ၊
အခုလည်း မာမီကဓာတ်ပုံရိုက်လို့ဆိုပြီး
" မာမီ နိုး " ဆိုပြီးငြင်းနေတာလေးက မာမီ့ကို
အသည်းယားစေတာပဲကွယ် '

8 Letters ( Completed )Where stories live. Discover now