EXTRA - 4

845 87 158
                                    

#Zawgyi

ဟန်နရီလေးအိပ်နေရင်း သူ့နဖူးပြင်ကို
အသက်ရှုငွေ့နွေးနွေးက လာရောက်ထိခတ်တာမို့
သူမျက်လုံးဖွင့်မိတော့ သူ့ကိုကိုဖြစ်နေ၏။သူ့ကို
ဖက်ထားကာ အသက်တစ်ခါရှုထုတ်တိုင်းမှာ သူ့နဖူးပြင်ကို လေနွေးနွေးကထိခတ်သည်။

ဟန်နရီလေးပြုံးလိုက်ကာ သူ့ကိုကိုရင်ခွင်ထဲ
တိုးဝင်မိပါ၏။ကိုကို့ရဲ့လက်မောင်းကိုဆွဲယူလို့
သူ့ခါးထက်တင်ပေးလိုက်ပြီး ရင်ခွင်ကျယ်ထဲ
တိုးဝင်ကာ ကြယ်သီးဖြုတ်ထားလို့ပေါ်နေသည့်
ရင်အုပ်ကျယ်ကို တဖွဖွနမ်းမိသည်။

သည်တော့အအိပ်ဆက်သည့် ဗန့်ထ်ဟာ ရင်ဘက်ကယားကျိကျိအထိအတွေ့ကြောင့်
နိုးလာလေရဲ့။

" ကိုယ့်ကလေးငယ်လေးက နိုးနှင့်နေပြီလား "

သူကနိုးနေပြီဖြစ်ကြောင်းကို အသံပေး၍ပြော
လိုက်တော့ ကလေးငယ်ဟာသူ့ရင်ခွင်ထဲကထွက်
လို့တစ်ဖက်သို့ ပြန်လှည့်အိပ်သွားသည်။
သူခပ်ဟဟရယ်လိုက်ရင်း တစ်ဖက်လှည့်နေတဲ့ ကလေးငယ်ရဲ့ကိုယ်ငယ်လေးကို ဆွဲယူကာ
သိမ်းကြုံးဖက်လိုက်သည်နှင့် အလှလေးထံမှ
ငြင်းဆိုသံလေးကို ကြားရသည်။

" သွားပါဆို၊မဖက်ထားနဲ့ "

ချစ်စရာကောင်းတဲ့အသံလေးနဲ့ပြောတဲ့
ငြင်းဆိုသံလေးကြောင့် ဗန့်ထ်မှာထိုအနွေးလုံးကို
ပိုလို့ဖက်ထားတော့သည်။ပြီးနောက် လည်တိုင်
ဖြူဖြူလေးကိုနမ်းလိုက်ကာ....

" ကိုယ့်ကို ဟန်နရီဂင်မ်ကမချစ်တော့ဘူး  "

" ဟန်နရီဂင်မ်က ဂင်မ်ဗန့်ထ်ကိုချစ်တာ၊ ဂင်မ်ဗန့်ထ်ကသာ ဟန်နရီဂင်မ်ကို မချစ်တော့ဘူးလို့ထင်ပါတယ် ဟွန်း! "

ကလေးငယ်ရဲ့စကားကြောင့် သူရယ်မိပါ၏။
တကယ့်ကိုမဟုတ်ကဟုတ်ကတွေဆို သူပြောဖို့ပဲ
တက်သည်။လည်ဖို့လည်းတက်သည်။စကား
အပြောအဆိုကအစ ကလေးတွေချစ်ပြီး
အသည်းယားအောင်လည်း နေတက်သေးသည်။

" ဟန်နရီဂင်မ်လေးက မဟုတ်တာတွေဆို သိပ်ပြောတက်လို့ အပြစ်ပေးတဲ့အနေနဲ့
အသက်ရှုကြပ်တဲ့အထိ နမ်းပြစ်ရမလားပဲ "

" ဟင့်အင်း...မဖြစ်ဘူးနော်... "

ဗန့်ထ်ကပြောလိုက်တော့ အနမ်းခံရမှာထက်
ဗန့်ထ်ရဲ့အဖိုးဆေးစွမ်းကညကို သတိရပြီး
လန့်သွားတာဖြစ်သည်။ဒါကြောင့်မို့
ကလေးငယ်က အထိတ်အလန့်ဖြစ်ကာ...

8 Letters ( Completed )Where stories live. Discover now