CHAPTER - 18

1.2K 102 82
                                    

#Zawgyi

" ကလေး ကိုယ်ပြောမယ်၊နောက်ဆို အုပ်ချုပ်ရေးမှူးကို ရိုသေရမယ်၊ကိုယ်တို့က
ဒီမှာနေကြမှာမဟုတ်လား၊အဲ့ဒီတော့ ကိုယ်တို့က
စတာမျိုးတွေမလုပ်ရဘူး ကြားလား...
ကိုယ့်ကလေးငယ်... ဘာတွေရယ်နေတာလဲ၊
ကိုယ်ပြောတာကို သဘောကျနေတာလား.. "

အိမ်ကိုပြန်ရောက်တော့ ကလေးငယ်ရဲ့ ဖိနပ်ကိုချွတ်ပေးကာ ကလေးငယ်လေးကို ဆုံးမစကားဆိုနေတယ်။ကလေးငယ်ကတော့
သူပြောနေတဲ့စကားကိုပြုံးရှိနေလေတယ်။
ဒါကိုဂင်မ်ဗန့်ထ်ကသဘောတကျပြုံးရင်း
ပါးလေးကိုခပ်ဖွဖွညှစ်ချလိုက်တော့ ' အင့် ' ဆိုတဲ့ အသံလေး ထွက်လာသည်၊

" ကိုကိုကလည်း အဲ့ပါးကိုညှစ်ပြန်ပြီ
ဟာ..အဲ့လိုကြီးမနမ်းပါနဲ့ဆို "

ပါးကိုခပ်ဖွဖွညှစ်တဲ့အပြင် ဖိနပ်ချွတ်ပေးရင်း
ခြေထောက်ကိုပါ နူးညံ့စွာကိုင်တွယ်၍ အနမ်းပေးလေတဲ့ ဂင်မ်ဗန့်ထ်။ကလေးကတော့
ခြေထောက်ကိုဖယ်လို့ ငြင်းလေတယ်။

" ခြေထောက်နုနုလေးက အဲ့လိုပဲအပြင်တစ်ခါ
ထွက်လမ်းလျှောက်ရင် နီရဲနေတာပဲလား၊
မရတော့ဘူး၊ကိုယ်ခြေထောက်ကို ရေပြန်ဆေးပေးမယ်... "

ဗန့်ထ်၏ မြတ်နိုးမှုတွေက များနေလေတယ်။
သူ့ကလေးငယ်ရဲ့ခြေထောက်ကို ခပ်ဖွဖွကိုင်ရင်း
မရွံရှာဘဲ ထိခိုက်မှုဖြစ်နေတဲ့ခြေထောက်လေးကို
အနမ်းပေးနေတာတဲ့။

ဗန့်ထ်ကတော့ သူ့ကလေးငယ်ကို မြတ်နိုးမှုတွေ
လွန်ကဲနေတာ။

" ကိုကိုကလည်း ရပါတယ်ဆို၊ကလေးက
ဒီလိုလေးပဲနီရဲနေတာလေ၊အနာဖြစ်တာမှ မဟုတ်တာကို.... "

" အဲ့ဒါထက် ကိုယ့်ရင်ထဲမှာကလေးငယ်ရဲ့ ခြေထောက်လေးယောင်ယမ်းနေတာတောင်
အရမ်းနာကျင်ရတာကိုတော့ ကလေးငယ်က
ဘယ်သိပါ့မလဲကွာ.... "

ဗန့်ထ်ကသူ့ကလေးငယ်ရဲ့ မျက်ဝန်းဝိုင်းလေးကို
ကြည့်၍ ဖြေလိုက်တယ်။ဟန်နရီဂျွန်မှာတော့
သူ့ကိုကိုရဲ့မျက်ဝန်းတွေကြောင့် အကြည့်ချင်း
တောင်မစုံစေတော့ဘဲ ငုံ့နေတော့သည်။

ဒီတစ်ခါတော့ ပေါက်စလေးရှက်သည်ပေါ့။

" မွ ! ဦးလေးရက်ဖ် အားနာပေမဲ့ ကလေးအတွက် ရေနွေးလေးယူလာပေးပါလား၊ခဏနေကြ နေ့လည်စာအတွက် ပြင်ဆင်ပေးပါဦး၊
ကလေး... ကိုယ်တို့ အပြင်ထွက်တာ
နည်းနည်းကြာသွားတယ်မဟုတ်လား ဗိုက်ဆာနေရင် ဦးလေးရက်ဖ်ကိုပြောထားတယ် "

8 Letters ( Completed )Donde viven las historias. Descúbrelo ahora