သူမရဲ့မျက်နှာမှာ ပထမဆုံး တုန်လှုပ်သွားတဲ့အမူအရာဖြစ်သွားပြီး နောက်တော့ ရှက်ရွံ့သွားတယ်။

ကုမျန်ရဲ့အမူအရာက အမှန်တကယ်တော့ အရှက်ရသွားတာဖြစ်‌ပေမယ့်လည်း ရှက်စိတ်ဖြစ်သွားတာနဲ့ ရှက်ရွံ့သွားတာက သိပ်မကွဲပြားဘဲ အကျိုးသက်ရောက်မှုက အမှန်တကယ်ပင် ဆင်တူလှတယ်။ ဒါကြောင့် ဒါရိုက်တာနဲ့ သူ့အဖွဲ့ရဲ့မျက်လုံးထဲမှာတော့ ကုမျန်ရဲ့အမူအရာက ရှက်ရွံ့သွားတာပါပဲ။

ချန်းရှန်ပွေ့ဖက်ထားခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ ရှက်ရွံ့မှုပါ။

လော့ချယ်အတွက်ကတော့ သူ့ရဲ့ သရုပ်ဆောင်မှုကလည်း အမှားအယွင်းမရှိသလို လူတွေအတွက် အမှားရှာဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

နောက်ဆုံးအပြုံးကို ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်ခဲ့ပေမယ့် အကျိုးသက်ရောက်မှုက ဒီလောက်ကောင်းသွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်မိခဲ့ကြပေ။

သူက နာမည်ကြီး စူပါစတားတစ်ဦးဖြစ်ဖို့ ထိုက်တန်တဲ့သူပါ။ သူက ပေါ့ပေါ့ပါးပါး ပြုံးနေတာဖြစ်ပေမယ့် အဲဒါက သူတို့နှလုံးသားလေးရဲ့ ကြိုးတွေကို ထိတွေ့သွားတယ်။

ဒါရိုက်တာက ကင်မရာထဲက လှပသိမ်မွေ့လွန်းတဲ့မျက်နှာနှစ်ခုကို ကြည့်ပြီး စိတ်အခြေအနေကောင်းနေတယ်။ လက်ထောက်ဒါရိုက်တာက ဒါရိုက်တာ စိတ်အခြေအနေကောင်းနေတာကို မြင်တော့ " ရိုက်ကူးရေးက ကောင်းကောင်းပြီးသွားလို့ ဒီနေ့ ကြက်သား ငါကျွေးမယ်!"

"အိုကေ!"

"အသက်ရှည်ပါစေ လက်ထောက်ဒါရိုက်တာ!"

"ကျေးဇူးတင်ပါတယ် လက်ထောက်ဒါရိုက်တာ!"

"ဒီလိုမျိုးအကျိုးကျေးဇူးတွေ မကြာခဏ ရနိုင်မယ်လို့ ကျွန်တော်မျှော်လင့်တယ်"

လူတိုင်းက sceneကို ပြန်လည်တွေးကြည့်ပြီးနောက် ဝန်ထမ်းတစ်ဦးက တုံ့ပြန်လာပြီး"ရှောင်ရွမ်က မနာလိုဖြစ်သွားတာလား?"

အစကတော့ လူတိုင်းက အဲလိုမထင်ခဲ့ကြပေမယ့် အဲဒါက အဓိပ္ပာယ်ရှိတယ်။

တိရိစ္ဆာန်ငယ်လေးတွေက တကယ်တော့ ပိုင်ဆိုင်လိုစိတ်ကြီးကြတယ်။ ကြောင်ပဲဖြစ်ဖြစ် ခွေးပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ပိုင်ရှင်ရဲ့မျက်နှာသာကို လက်ဝါးကြီးအုပ်ချင်ကြတယ်။ တစ်စုံတစ်ယောက်က ပိုင်ရှင်ရဲ့မျက်နှာသာကို ရချင်ရင် သူတို့က အမြင်ကျဉ်းကြလိမ့်မယ် ဒါမှမဟုတ် ဒေါသဖြစ်သွားကြလိမ့်မယ်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now