part (33)

1.6K 84 3
                                    

ခ,စားခွင့်ပြုပါ(BL Fic)
အပိုင်း(၃၃)
"ဟယ်လို မင်းလွင်ထူး ပြောနေပါတယ်ခင်ဗျ"

တဖက်မှ အတန်ကြာအောင် ပြန်ထူးသံမကြားရချေ။
ဒါနှင့် ကျတော်လည်း ဖုန်းကို ချကာ ထမင်းစား စားပွဲဆီသို့ ပြန်လာခဲ့သည်။

"ကဲ ရော့
ငါး အသားလေး စားလိုက်အုန်း ဖေဖေ"

ကျတော် စားပွဲမှာ ထိုင်လိုက်သည်နှင့် အားချစ်က ကျတော့်ကို ငါးအသားဖတ်တွေ ခပ်ထည့် ပေးသည်။ဒါကိုပင် သမီးက ကြည့်ကာ သဘောကျနေသည်။

"မယ်မယ် သူ့ဖေဖေကိုကျ
အသားလေးချည်း ထည့်ပေးနေတာ။
ချစ်နေတာပေါ့နော် ဟုတ်လား
ဒယ်ဒီ။
ဟုတ်လားလို့"

"ဟုတ်တာပေါ့ ခင်ခင်ရယ်။
သမီး ဖေဖေကိုကြည့်ပါဦး
အသားတွေ မည်းတူးနေသည်အထိ
အပင်တွေ စိုက်ပြီး
ဒယ်ဒီတို့ကို လုပ်ကျွေးရတာ။
ခင်ခင်ရော မချစ်ဘူးလား"?

"ဟီး
ချစ်တယ်"

သည်စကားလေးတွေ၊သည် အပြုအမူလေးတွေကပင် ကျတော့်ပျော်ရွှင်မှု ဖြစ်နေပြန်သည်။

ရယ်ရယ်မောမောနှင့် ထမင်းစားနေတုန်း ဖုန်းမြည်သံကို နောက်ထပ်တခေါက် ထပ်ကြားရလေသည်။

"ဖေကြီး နေနေ
ဒယ်ဒီ ကိုင်လိုက်မယ်"

အားချစ်က သွက်သွက်လက်လက်နှင့်ပင်
ဖုန်းကို ပြေးကိုင်လိုက်သည်။

"ဪ
မေနီ လား ပြော။
အဆက်အသွယ် မရတာတောင်ကြာပြီနော်"

အားချစ်၏ နှုတ်ဖျားမှ ဒီမိန်းကလေး၏ နာမည်ကို ကြားလိုက်ရတော့ ကျတော် ထမင်းလည်း ဆက်မစားနိုင်တော့။
သမီးနှင့်လည်း ရယ်စရာတွေ မပြောနိုင်တော့ပဲ ငြိမ်ပြီး နား‌စွင့်နေမိသည်။

"ဘာပြောတယ် မေနီ။
ကြာပဲ ကြာလှ ‌ေနပြီ အခုမှ ဒါတွေကိုပြောတော့ ဘာအကျိုးထူးမှာတဲ့လဲ"?

ကျတော် အသက်ကိုပင် ခိုးရှူနေမိသည်။အသက်ရှူခံ ကျယ်လျှင် မကြားရမှာ ကြောက်လို့ ဖြစ်သည်။

"တော်လိုက်တော့ မေနီနီ
နင် ဒါတော့ များသွားပြီ။
ငါတို့က အိမ်ထောင်စု စာရင်းထဲမှာတောင်ထည့်ထ ပြီးသားဟ"

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now