part (04)

2.6K 109 0
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၄)
ကျတော်က သူတို့နှစ်ယောက်အနီးသို့ ဒရောသောပါး ပြေးလာတာကို ဒဲရစ်က အရင်မြင်ပြီး  လန့်သွားဟန် ရှိသည်။
ဖျတ်ကနဲ သူ့လက်ထဲက အားချစ်ကို လွှတ် လိုက်လေသည်။

အားချစ်ကလည်း ဒဲရစ် လှမ်းကြည့်ရာသို့ လိုက်ကြည့်ရင်း ပြေးလာမတတ် ခြေလှမ်းကျဲ ကြီးတွေနှင့် လှမ်းလာနေသော ကျတော့်ကို မြင်လျှင် ဖျတ်ကနဲ ရယ်ပြသည်။
ပြီးတော့ ကျတော့်လက်ကို ဖျတ်ကနဲ လှမ်းဆွဲကာ
ပြောလိုက်သည်။

"ဘာလဲ? အဖွားက ခေါ်ခိုင်းလိုက်ပြန်ပြီလား"?

ဪ ဟုတ်ပေသားပဲ။
ကျတော်က ဒဲရစ်လို ကြေးရည်တတ် လူတယောက်နှင့် ရန်ဖြစ်ပြီး ထိုးကြ၊ကြိတ်ကြတော့ရော ကျတော့် ရည်မှန်းချက် မပေါက်မြောက်ခင် ပြဿနာတက်ပြီး ချစ်ရသည့် အားချစ်၏ အနားက လွင့်ဝေး သွားဖို့ပဲ ရှိသည်။

ပြီးတော့
စကားအသွားအလာကို ကြည့်ရတာလည်း အားချစ်က ဒဲရစ်နဲ့ ဘာလိုလို ရယ်တွေပါ။

လက်ကို လာကိုင်သည့် အားချစ်၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ အားချစ်ခင်းထားပေးသော စကားအပေါ်၌ ချော်လဲရောထိုင်လိုက်ရသည်။
ဘာပဲဖြစ်ဖြစ် လတ်တလောတော့ ဒဲရစ်၏ လက်က အားချစ် လွတ်မြောက်လာဖို့က လိုရင်းသာ ဖြစ်သည်။

"ဟုတ်တယ် သိတဲ့ အတိုင်းပဲ
မင်းရဲ့ အဖွားက အခုဆို အခုပဲ"

"အေးပါ ငါသိပါတယ်။
အဲလိုပါဆို ဒဲရစ်ရယ် တို့ အဖွားက ကလေးဆိုးကြီး လိုပါပဲ"

ဒဲရစ်က ကျတော်နှင့် အားချစ်တို့၏ တယောက်လက်ကို တယောက်ဆုပ်ကိုင်ထားတာကို ငေးကြည့်ရင်း နောက်ကနေ ခပ်ခွာခွာ လေး လိုက်လာလေသည်။

"အေးပါကွာ။
ထားလိုက်ပါတော့။
မင်းတို့အိမ်က စာပွဲထိုးကလည်း ကြောက်စရာကွာ။
နည်းနည်းပါးပါး ဆုံးမ ထားပါဦး"

ဘောင်းဘီ အိပ်ကပ်ထဲသို့ သူ့လက်နှစ်ဖက်ကို ထည့်ကာ ခပ်အေးအေး ပုံစံဖြင့် ပြောနေသည့် ဒဲရစ်၏ စကားကြောင့် အစကတည်းက အမြင် သိပ်ကြည်တာ မဟုတ်သည့် ကျတော်က ဒေါသထွက်သွားသည်။

ဒါပေမယ့်
အားချစ်ကတော့ ဟက်ဟက်ပက်ပက် ရယ်ကာ ကျတော့်ကို တလှည့် ၊ဒဲရစ်ကို တလှည့် ကြည့်ပြီး

ခ,စားခွင့်ပြုပါ ( Complete)Onde histórias criam vida. Descubra agora