part (32)

1.5K 88 4
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၃၂)

နောက်(၁)နှစ်ကြာသော အခါ

အိမ်လေးက (၁)ထပ်အိမ်လေး သစ်သားခင်း ၊သစ်သား ကာ၊သွပ်မိုးထားတယ်ဆိုပေမယ့် အောက်ခြေက ကွန်ကရိလောင်း အုတ်တိုင် အမြင့်လေးတွေနဲ့ ဆောက်ထားတာ ဆိုတော့ သပ်သပ်ရပ်ရပ်လေး ရှိသည်။

ခြံ‌ဝန်းက ‌အတော်အတန်ကျယ်ဝန်းပြီး
ကန်စွန်းခင်း၊ချဉ်ပေါက်ခင်း ၊ဖရုံခင်းတွေလည်း ဟို(၁)ခင်း၊ဒီ(၁)ခင်း စိုက်ပျိုးထားသည်။

ရေချိုးခန်းနှင့် အိမ်သာကို အိမ်ထဲ ထည့် မဆောက်ထားပေမယ့် သီးသန့်တွဲရက် တည်ဆောက်ထားတာကြောင့် သပ်ရပ်နေသည်။

ခြံထဲမှာ အမျိုးသား တယောက်က လျှော်ပြီးသား အဝတ်အစားတွေကို အဝတ်လှန်းကြိုးတန်း ၌ လှန်းနေသည်။
..............
အိမ်ရှေ့မှာ ကားရပ်လိုက်သံကို ကြားရသည်။အဝတ်တွေ လှန်းနေရင်း ကျတော် ခြံဝကို လှမ်းကြည့်လိုက်တော့ ဖေဖေ့ အတွင်းမှူး ဝင်လာတာကို မြင်လိုက်ရသည်။

အရင်ကတည်း ရင်းနှီးနေသည့် ဦးလေးကြီး မို့ ရယ်ပြလိုက်မိသည်။

"ဦးလေးကြီး ရောက်လာပြန်ပြီနော်"

"ဟူး
ဥက္ကဌကြီးသာ ဒီမြင်ကွင်းကို မြင်ရင် ခံစားသွားရမှာပဲ။
ဘာကြောင့်များ မင်းလွင်ထူးလို လူတယောက်အတွက်နဲ့ ဒီလို ခေါင်းမာနေရတာလဲ သခင်လေး ရယ်။
ဥက္ကဌကြီးက မှာလိုက်တယ်။
သခင်လေးရယ်
သခင်မလေးရယ် အတွက် သူ့အိမ်တံခါး ကို အမြဲတမ်းဖွင့်ပေးထားပါတယ်တဲ့။
ဪ ပြီးတော့ သစ်သီးတွေနဲ့
မုန့်ထုပ်တွေလည်း ပေးခိုင်းလိုက်တယ်"

"ဦးလေးကြီးက ဘယ်လို ထင်နေလဲ မသိပေမယ့်
ကျတော့် ယောက်ျားက အခု အပင် (၁၀၀)ပါတဲ့ သရက်ခြံလေး (၁)ခြံ စပြီး ပျိုးနေတာပါ။
ဪ မနေ့က နှမ်းတွေ ရိတ်သိမ်းပြီး
သိပ်မကြာခင် ဆီတွေလည်း ရတော့မှာပါ။
ဒီနှစ် စပါးရာသီတုန်းက သူ့လယ်က စပါးအထွက်ကောင်းလို့ အိမ်မှာ ဆန်အိတ်တွေ အပြည့်နဲ့ ကျတော့်ကို ထားတာပါ။
သူက တစက်ကလေးမှ မနားပဲ လယ်ထဲ ယာထဲ ခြံထဲ မှာ အလုပ်လုပ်ပြီး ပြန်လာရင်တောင် အားချစ် မင်း အိမ်အလုပ်တွေ လုပ်နေရတာ ပင်ပန်းတယ်ဆိုပြီး ခြေထောက်ကို အမြဲ ရေနွေးစိမ်ပေးတတ်တဲ့ သူပါ။
ညဘက် မီးဖိုထဲက သိမ်းစရာ ရှိတာတွေလည်း သူပဲ အမြဲဆေးကြောပြီး ကျတော့်ကို အစော အိပ်ရာဝင်ခိုင်းတဲ့ သူပါ။
အခု ကျတော်က အရမ်းပျော်ရွှင်နေရတာပါ။စကားကို သတိထားပြောပါ ဦးလေးကြီးရဲ့"

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now