part (24)

1.6K 88 6
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၄)
ဒီနေ့ ကျတော် ကုမ္ပဏီမှာ အလုပ်စ,ဝင်ရမှာမို့ မနက်အစောကြီးထ,သည်။ကုမ္ပဏီမှာ အလုပ်ဆက်လုပ်မှာမို့ ပိတ်ရက်မတိုင်မီ အိမ်ကို ပြန်မလာရပဲ အဆောင်မှာပဲ နေရပေလိမ့်မည်။

ကျတော့် အခန်းလေးကိုတော့ ကျတော့်ကို အပိုင်စားပေးထားလို့ တော်ပါသေးရဲ့ လို့ တွေးလိုက်မိသည်။
ဘာပဲဖြစ်ဖြစ် တပတ် တခါ ရသည့် ပိတ်ရက်လေး (၁)ရက်မှာတော့ ဒီအိမ်မှာ လာနေခွင့် ရနေသေးသည်။

ခါတိုင်း ဒီလို အချိန် ကျတော် အိပ်ရာက နိုးလာတိုင်း ပဲပြုတ်ကောက်ညှင်းပေါင်း၊ဒါမှ မဟုတ် မုန့်ဟင်းခါးနဲ့ အကြော်ဖြစ်ဖြစ်၊လက်ဖက်ရည်နဲ့ အီကြာကွေးဖြစ်ဖြစ်၊ကြက်ဥ မကျက်တကျက်ကြော်နဲ့ ထမင်းကြော်ဖြစ်ဖြစ် စားစရာ တခု မဟုတ် တခု အဆင်သင့် ပြင်ပေးထားတတ်သည့် အဖွားကို သတိရမိသည်။

အခန်းထဲက အထွက်၌ သော့ပိတ်ထားဆဲ ဖြစ်နေသေးသည့် အဖွား၏ အခန်းတံခါးလေးကို မြင်ပြီး ရင်ထဲဆို့နင့်သွားရသည်။

"ဟဲ့ ကောင်လေး လာ.....
အမတို့နဲ့ အတူ မနက်စာ စားသွား"

အဖွားအခန်းကို ကြည့်ကာ မျက်ရည်လေး စမ်းစမ်း စမ်းစမ်း ဖြစ်နေသော ကျတော့်ကို အဖွားလက်အောက်မှာ အလုပ်,လုပ်ခဲ့သည့် အမနှစ်ယောက်က သူတို့နှင့်အတူ မနက်စာ စားရန် ဆွဲခေါ်သွားကြလေသည်။

သူတို့နှင့်အတူ စားရသည့် လက်ဖက်ရည်နှင့် အီကြာကွေး၏ အရသာကြောင့် အဖွားကို ပိုပြီးသတိရလာသည်။
ထို့ကြောင့်အစ်မတွေနှင့် ခပ်မြန်မြန်ပဲ စကားလက်စ ဖြတ်ကာ မီးဖိုခန်းထဲက ထွက်လာခဲ့ရလေသည်။

.............
ကျတော့် အပိုင်စားရထားသည့် အခန်းလေး၏ရှေ့ကနေအပြင်ကို ပတ်ထွက်လာခဲ့သည်။
ဤနေရာကကြည့်လျှင် ချစ်သော ကောင်လေး၏ အခန်းပြတင်းပေါက်လေးကို မြင်ရမည် မဟုတ်လား?။

ပုံမှန်ဆို အားချစ်က ဒီလို အချိန်မျိုးမှာ အိပ်ရာက မထ,တတ်သေးချေ။
ငယ်စဉ်ကတည်းက အားချစ်၏ အခန်းပြတင်းပေါက်လေးကို မျှော်ငေးကြည့်ပြီးမှ ကျောင်းသွားခဲ့ဖူးသည်။
အလုပ်ဝင်ပြီးတော့လည်း ထိုအတိုင်းပင် အားချစ်၏ ပြတင်းပေါက်လေးကိုငေးမောကြည့်ပြီးမှ အလုပ်ကို သွားတတ်ခဲ့သည်ကိုး........။

ခ,စားခွင့်ပြုပါ ( Complete)Donde viven las historias. Descúbrelo ahora