part (20)

1.9K 95 1
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၀)
အတန်းထဲကို လူကရောက်နေသော်လည်း စိတ်က အိမ်ကငအူလေးဆီ ကျန်ရစ်ခဲ့သည်။
ဖုန်းက နာရီကို ငုံ့ကြည့်လိုက်တော့ အတန်းချိန်ပြီးတော့မည်။

ပြီးခါနီး စောင့်ရချိန်တွေက ကြာတတ်တယ် ဆိုတာ ဟုတ်လိမ့်မည်။လုံးဝ စိတ်မပါတော့သော သင်ခန်းစာကို နားထောင်ချင်ယောင်ဆောင်ကာ မနက်က အကြောင်းကို ပြန်စဉ်းစားနေမိသည်။

မနက်တုန်းက မင်းလွင်ထူးတယောက် ကျတော့်ကို နမ်းမယ်ဆိုပြီး အသည်းအသန် လိုက်ဖမ်းခဲ့သည်။
နောက်ဆုံး ကျတော်က အဖမ်းခံလိုက်တာတောင် စ,မနမ်းရဲပဲ ကျတော့်မျက်နှာကို အကြာကြီး ငေးကြည့်နေခဲ့သည်။

"မင်းက လှလိုက်တာ အားချစ်ရာ....
နုဖတ်၊ဥအက်နေတာပဲကွာ......"

လို့လည်း ပြောနေသေးသည်။
နောက်ဆုံး
စိတ်မရှည်တော့သည့် ကျတော်ကပဲ သူ့ကို စ,နမ်းလိုက်တော့ သူ လန့်သွားသည်။
ပြီးတော့ ကျတော့်ကို သူကပြန်နမ်းသည်။

အကြာကြီး နမ်းနေကြပြီးမှ တယောက်ကို တယောက် စိုက်ကြည့်ကာ ရယ်မိကြသည်။

"ငါ ဒါ ပထမဆုံးပဲ သိလား?
အားချစ်"

ဒီ ကောင်ကတော့လေ........ပြောလိုက်ရင် အမြင်ကပ်စရာတွေချည်း ရွေးပြောနေတာပဲနော်။
သူ့အတွက်ပဲ ပထမဆုံး မဟုတ်ပါဘူး။
ကျတော့် အတွက်လည်းပဲ ပထမဆုံး ပါပဲ။

ဒါကို သိရဲ့သားနဲ့ ဇွတ်ဖြူစင်ပြနေသည်။

အမြင်ကပ်ကပ်ဖြင့် အနီးက ခေါင်းအုံးဖြင့် ကောက်ပေါက်လိုက်တော့ အူတူတူဖြင့် လှမ်းဖမ်းသည်။

"ငါ့အတွက်လည်း ဒါ ပထမဆုံးပဲ ဟေ့ကောင်"

"ဟင်
ဒါဖြင့် တရုတ်ကောင်နဲ့ မနမ်းပဲ ဟို...ဟိုဒင်း တန်းလုပ်ကြတာပေါ့ ဟုတ်လား အားချစ်။"

"ငပေါ"

"ဒါဖြင့် အခု မင်းရဲ့ ပထမဦးဆုံးအနမ်းက ို ငါ့ရလိုက်တာပေါ့နော်။
ဟုတ်လားဟင်"?

"ငပေါစကားတွေ ပြောနေပြန်ပြီ။
ဘယ်တရုတ်နဲ့ မှ မမှားဖူးဘူး သိလား။
ဘာမှ မဖြစ်ဖူးသေးဘူး ငါက လူပျို စစ်စစ်"

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now