part (08)

1.8K 86 4
                                    

ခ,စားခွင့်ပြုပါ။
အပိုင်း(၈)
ဒီနေ့က တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သလို နေ့ထူးနေ့မြတ် နောက်ထပ် တနေ့ ဖြစ်ခဲ့သည်။
ကျတော် အလုပ်လုပ်သည့် ကုမ္ပဏီံ၌ တနှစ်တာ အတွက် အလုပ်ကြိုးစားသူများ စာရင်း၌ ကျတော်ပါခဲ့သည်။

အဲဒီ အတွက် ကုမ္ပဏီ ဂုဏ်ပြုပွဲမှာလည်း ဆုပေးခဲ့သလို ၊အိမ်မှာလည်း အန်တီမမ တို့က ဂုဏ်ပြု ညစာ စားပွဲလေး ကျင်းပပေးသည်။

အိမ်တော်ထိန်းရဲ့ မြေးမို့ ဂုဏ်ပြု ညစာ စား ပွဲ ကျင်းပပေးပေမယ့် ကျတော့် အခြေအနေနဲ့ ဖိတ်စရာ ပြင်ပက လူရယ်လို့ မရှိပါဘူး။

ဒါကြောင့်
ကျတော့် အဖွားရဲ့ အလုပ်ရှင်လည်း ဖြစ်၊ကျတော် အလုပ်လုပ်သည့် ကုမ္ပဏီပိုင်ရှင်တွေလည်း ဖြစ်သည့် အန်တီ မမ တို့ ဇနီးမောင်နှံရယ်၊အန်တီမမရဲ့ အမေ၊အားချစ်ရဲ့ အဖွား ဖြစ်သူ အဖွားရယ်၊
ကျတော်ရယ်၊
ကျတော့်အဖွားရယ်
၊အိမ်မှာ ကူလုပ်တဲ့ အိမ်အကူ အစ်မနှစ်ယောက်ရယ်၊
ဥယျာဉ်မှူးအဘရယ်၊
အားချစ်ရယ် ပါဝင်တဲ့  မိသားစု ညစာ စားပွဲလေးဆိုလည်း မမှားပါဘူး။

ပြောရရင် ကျတော်က အားချစ်နဲ့ သူငယ်ချင်းသာ ဆိုတယ် ခုချိန်ထိ ထမင်းလက်ဆုံ မစားဖူးခဲ့ဘူး။

အခုလို အားချစ်နဲ့ တစာပွဲတည်း ထမင်းလက်ဆုံ စားရတာကို ကျတော် တအားကို ပျော်မြူးနေမိတာပဲ။
ဟင်းလျာ တွေကတော့ ကျတော့် အဖွားရယ်၊အိမ်အကူ အစ်မနှစ်ယောက်ရယ် စီမံထားတာပါပဲ။

ခါတိုင်းလည်း အမြဲ သူတို့ပဲ စီမံတာ ဆိုပေမယ့် ဒီလို စားကောင်းသောက်ဖွယ်တွေကို စားရသည်ဆိုအုံးတော့ အခုလို စုံစုံလင်လင်တော့ မဟုတ်ချေ။

ဆိုတော့
ကျတော့်အဖွားတို့ကိုကိုလည်း စုံစုံလင်လင် ကျွေးမွေး‌ေပးတာကြောင့် ကြည်နူးရသည်။ကျတော့်အတွက်ဆိုပြီး ဂုဏ်ပြုပေးတာကြောင့်လည်း ပီတိဖြာရသည်။

အဆုံးမတော့ ကျတော်က လူရှေ့မရှောင် သူရှေ့မရှောင် အားချစ် ပန်းကန်
ထဲသို့ ဟင်းတွေ ခပ်ထည့်ပေးနေမိတာပါပဲ။

ဟင်းတွေကလည်း ကျတော်ကြိုက်သည့် ဟင်းတွေချည်းပါပဲ ။ဒါကတော့ ကျတော့်အဖွား၏ စနက်ပင် ဖြစ်ရမည်။သူ့မြေးဖြစ်သူ၏ ဂုဏ်ပြုညစာ စားပွဲ ဆိုတော့ သူ့မြေးအကြိုက်‌ဆုံး ဟင်းလျာတွေကိုသာ စီမံချက်ပြုတ်ထားပုံရသည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now