part (09)

2.4K 107 5
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၉)
ကျတော် အလုပ်နဲ့ နီးတဲ့ ဝန်ထမ်းတွေနေတဲ့ အဆောင်ကို ပြောင်းပြီး နေတော့မယ်လို့ အဖွားကို အသိပေးတဲ့ အချိန်မှာ အဖွားကတော့ 

"အေးပေါ့ မြေးက အလုပ်နဲ့ နီးတဲ့ နေရာမှာ နေမှ ဖြစ်မယ်ဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ?
ပြောင်းပြီး နေပေါ့"

လို့ ကြည်ကြည်သာသာ ခွင့် ပြုပေးရှာပါတယ်။
အန်တီမမ တို့ကတော့ ဘာပြောမှာလဲ?
သား အဆင်ပြေသလိုသာ လုပ်လို့ပဲ ပြောကြမှာပေါ့။
တကယ်လည်း ကျတော်က ရာထူး တဆင့်မြင့်လာပြီဖြစ်တဲ့ အတွက် တာဝန်ယူမှု၊တာဝန်ခံမှု ပိုများလာတာကို သူတို့က သိနေကြတာကိုး။

ဒီလိုနဲ့ပဲ ကျတော်လည်း ဝန်ထမ်းအဆောင်ကို ပြောင်းပြီး နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ညဘက်ကျ အခါတိုင်းလိုပါပဲ အားချစ် အတွက် လက်ဖက်သုပ် သုပ်ပြီး သူ့ကို နှုတ်ဆက်ဖို့ အတွက် သူရှိတဲ့ အပေါ်ထပ်ကို တက်သွားခဲ့သည်။

"ဟော မင်းလာတာနဲ့ အတော်ပဲ မင်းလွင်ထူး၊မင်းကို မေးစရာ ရှိလို့ ငါ့မှာ စာတောင်မကျက်နိုင်ဘူး"

ကျတော် သူ့အခန်းထဲကို ရောက်သွားတော့ အားချစ်က သူ့အခန်းထဲမှာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး လမ်းလျှောက်နေတာကို တွေ့ရသည်။

ကျတော်ရောက်ရောက်ချင်း ဆိုသလိုပဲ သူက ကျတော့်အနားသို့ ပြေးလာပြီး တရစပ် ပြောတော့သည်။

"ဘာမေးမလို့လဲ ?
မေးလေ"

"အမေက ပြောတယ်။
မင်း ဝန်ထမ်း အဆောင်ကို ပြောင်းနေတော့မှာဆို "

ကျတော်က လက်ဖက်ပန်းကန်လေးကို စာကြည့် စာပွဲမှာ ချလိုက်ပြီး အရေးမပါသလို ရယ်နေလိုက်မိသည်။

"ဟုတ်တယ်လေ အားချစ်ရဲ့....
ဘာဖြစ်လို့လဲ"?

အားချစ်က ကျတော့်ကို လုံးဝ မယုံကြည်နိုင်သလို အကြည့်တွေနှင့် သေသေချာချာ စိုက်ကြည့်နေတာမို့ ရင်ထဲ ထိတ်ကနဲ ခံစားသွားရသည်။

"ငါ့ကို နည်းနည်းလေးတောင် မတိုင်ပင်ဘူးနော် မင်း"

"ဒါက ဒီလို ရှိတယ် အားချစ်ရဲ့
အခု အလုပ်မှာ ငါက ရာထူးတိုးထားတယ်လေကွာ"

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now