part(16)

1.8K 103 8
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၆)
"သွားပါ မင်းပဲ ရေအရင်ချိုးလိုက်၊
ငါ ထမင်းပွဲ ပြင်လိုက်ဦးမယ်"

"ပြီးရောလေ။
အဟွန်း"

ကျတော်က အသည်းအသန် ငြင်းနေတာကြောင့် အားချစ်က ဇွတ်မခေါ်တော့ပေ။
ရယ်ကျဲကျဲ ဖြင့်သာ သူဝတ်ထားသည့် အင်္ကျီကို ကျတော့် ရှေ့၌ပင် ဆွဲချွတ်လိုက်‌ေလသည်။

ဖြူဥ၊နုဖတ်နေတဲ့ အားချစ်၏ အပေါ်ပိုင်း ခန္ဓာကိုယ်ကို ဗြုန်းကနဲ မြင်လိုက်ရတော့ ညှို့ခံလိုက်ရသည့် လူတယောက် ပမာ ကျတော် ကြက်သေ,သေ
သွားသည်။

"ဟိတ်၊ မင်းလွင်ထူး။
ဟိတ်၊ မင်းလွင်ထူး။
မတ်တပ်ကြီး သေသွားတာလား?
ဟိတ်....
ဟာ.....
သတိထားဦး‌လေကွာ"

အားချစ်က ကျတော့် မျက်လုံးတွေ၏ ရှေ့၌ သူ့လက်ဖဝါးလေးကို အကြိမ်ကြိမ် ဖြတ်သန်း လှုပ်ရှားပြပြီး အော်ဟစ် သတိပေးလိုက်မှ ကျတော် သတိပြန်ဝင်လာသည်။

သတိထားမိ,မိချင်းပဲ ကျတော် တအားရှက်သွားသည်။
ခေါင်းကို ဖျတ်ကနဲ ငုံ့ချလိုက်မိသည်။

ငုံ့မချလိုက်တော့လို့လည်း မဖြစ်တော့ဘူးလေ။အားချစ်၏ ခန္ဓာကိုယ် အပေါ်ပိုင်းလေးက ဖြူဝင်း၊ နုဉကာ ၊မွတ်မွတ်ထ နေပြီး၊ အချိုးအစား ကျနကာ၊ ကျစ်လျစ်သွယ်လျနေသည်။

အထူးသဖြင့် သူ့ရဲ့ ခါးလေးတွေ၊ဗိုက်ချပ်ချပ်လေးတွေ၊ရင်အုပ်ကျစ်ကျစ် လှလှကားကား လေးတွေ။

"ငါ ရေသွားချိုးတော့မယ်။
ထမင်းပွဲ ပြင်ပြီးရင် မင်းလိုက်လာခဲ့"

"အေးပါ"

အေးပါ လို့သာ ဖြေလိုက်တာ အခုတောင် ခန္ဓာကိုယ် အပေါ်ပိုင်း တခုကိုပဲ ဗလာကျင်းထားသေးတာ။
ဒါကိုတောင် မင်သက်စွာ ငေးမောနေမိတာ။ဒူးတွေ ညွတ်ခွေကျချင်နေမိတာ။

အားချစ်နှင့်သာ  ကိုယ်လုံးတီးချွတ်ကြပြီး အတူတူ ရေစိမ်ချိုးရရင်ဖြင့်
ငယ်ရွယ် လတ်ဆတ်နေသေးသည့် ကျတော့် ခန္ဓာကိုယ်၏  ခန္ဓာဗေဒ ဘာသာစကား တွေကို ကျတော် ထိန်းထားနိုင်မည် ဟု မသေချာချေ။

ဘုရားရေ
ဒီလိုနှင့်ပဲ သူငယ်ချင်းဆိုသည့် ပတ်သက်မှုလေး တောင် ရပ်တန့်သွားမှာ မဟုတ်ဘူးလား။?

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now