part (19)

2.4K 122 1
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၉)
မနက်စာ အတွက် ဘာများ ပြင်ဆင်ပေးရမလဲ လို့ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ နွားနို့ဗူး ရှိနေတာကို မြင်ရသည်။
ပေါင်မုန့်တွေကိုလည်း တွေ့ရသည်။အကြည့်ကို ကျော်ပစ်လိုက်ပြီး နောက်တထပ်မှာ ဆက်ရှာဖွေကြည့်လိုက်တော့
ခရမ်းချဉ်သီး တွေကို မြင်ရသည်။

အားချစ် ဘယ်က ၊ဘယ်လို ဝယ်ထားမှန်း မသိရသည့် မြေပဲဆံ ကြော် ပြူးပြူး၊ရဲရဲ ကြီးတွေကိုပါ တွေ့ရသည်။

ဟုတ်ပြီ။
ခရမ်းချဉ်သီးနဲ့ မြေပဲဆံနဲ့
မြေပဲဆံချက် ချက်ရမည်။
မြေပဲဆံချက်က မြေပဲဆံ အစိမ်းကို ချက်ရတာ ဆိုပေမယ့် အခုတော့ ကြော်ထားသည့် မြေပဲဆံကိုသာ အခြေအနေအရ ချက်ရ၊ပြုတ်ရလိမ့်မည်။

ပြီးတော့ရော......
ဟိုဟို၊ဒီဒီ မြှပ်စား စရာ ရှာကြည့်တော့ ဘာတခုမှ မမြင်ရပေ။
မီးဖို ခန်းထဲက နေရာလွတ်လေး တခုမှာ မြေအိုးလေးဖြင့် ထည့်စိုက်ထားသည့် နံနံပင် လေးတွေကို တွေ့လိုက်ရသည်။
ပြီးတော့ ငရုတ်ပင်လေး တပင်ကိုပါ မြင်ရသည်။

ဟုတ်သားပဲ။
တို့စရာ၊မြှုပ်စား စရာ မရှိရင်တောင်
နံနံပင်နဲ့ ငရုတ်သီးစိမ်းလေး အုပ် ၊ချက်စား အရမ်းကောင်းမှာပဲ လို့ တွေးကာ
ဟင်းအိုပြင်လိုက်သည်။

ဟင်းအို တည်နေတုန်း ခြံထဲမှာ တွေ့နေရသည့် ချဉ်ပေါင်ရွက်တွေ ပြေးခူးကာ
ချဉ်ပေါက် ဟင်းရည်လေး တခွက်ပါ ချက်လိုက်သည်။

ပြီးတော့ လက်ကျန် ငါးလေးတွေကို ကြော်လိုက်သည်။
ရပြီ။ဒီလောက်ဆို အိမ်ထမင်း၊အိမ်ဟင်းနှင့် ဝေးနေသည့် ကောင်လေး အတွက် အိမ်ထမင်း၊အိမ်ဟင်း အလွမ်းပြေလေး မြိန်မြိန် ကျွေးရတော့မည် ဟု
တွေးကာ ကျတော် တယောက်တည်း ပြုံးနေမိတော့သည်။

.............
ရေချိုးပြီး ရေချိုးခန်းသုံး အင်္ကျီကို ဝတ်ထားရက်၊အဝတ်အစား မလဲဝတ်ရသေးပဲ မီးဖိုခန်း အဝမှာ ရပ်နေမိသည်။

အဝတ်အစား လဲဝတ်ပြီးမှ ဝင်သွားသင့်သလား?
ဒီအတိုင်းကြီး ဝင်သွားသင့်သလား?
စဉ်းစားနေမိသည်။
အမှန်က ဝင်သွားရမှာ ရှက်နေမိတာ ဖြစ်သည်။
ပိုပြီး တိတိကျကျပြောရလျှင်
မနက်စာ စားပြီးရင် အားဘွားပေးရမည်ဟု အာဘွား တောင်းထားသည့် မင်းလွင်ထူး ကြောင့်ပင် ဖြစ်သည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now