part (23)

1.6K 91 5
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၂၃)
အဖွား ရက်လည်ပြီး (၃)ရက်မြောက်နေ့
ဒီနေ့အထိ အားချစ်နဲ့ ကျတော် တို့ အချိန်ယူပြီး မတွေ့ရသေးပါဘူး။
အားချစ်က ကျတော့်ကို ရှောင်နေသလို ခံစားရသည်။

ကျတော့်ကလည်း အဖွားကိုယ်စား အိမ်ရဲ့ အလုပ်တွေကို စီမံခန့်ခွဲနေရတာမို့ တနေကုန် မအားလပ်ပေ။
ညဘက်မှာသာ အဖွားအခန်းထဲ သွားငိုလိုက်၊ကျတော့် အခန်းလေးထဲ ပြန်ငိုလိုက်နှင့် မျက်ရည်လေး တစမ်းစမ်း ဖြစ်နေတာ။

ဒီနေ့တော့ အိမ်တော်ထိန်း အသစ်ရောက်လာမည်တဲ့လေ။
ဒီအိမ်ကြီးဆီကနေ အပြီးတိုင် ထွက်သွားရမှာပါ့လား ဆိုသည့် အတွေးက ရင်ထဲမှာ ဆို့နင့်နေသည်။

"မင်းလွင်ထူးရေ"

"ဗျာ အမ"

"အန်တီနဲ့ ဦးက မင်းကို ခေါ်ခိုင်းလိုက်တယ်"

"ဟုတ်ကဲ့ လာပါပြီ အမ"

..........
ထုံးစံအတိုင်းပင် အိမ်မကြီး၏ ဧည့်ခန်းက မွှေးပျံ့နေသည်။အန်တီမမနှင့် ဦးတို့ကို တွေ့ရသည်။

"လာ ထိုင် သား"

"ဟုတ်ကဲ့"

"သားကို မေးချင်တာ
ကုမ္ပဏီမှာပဲ ဆက်လုပ်မှာလား?
ဒါမှ မဟုတ် အိမ်မှာပဲ သားအဖွားလို အိမ်တော်ထိန်း ပြန်လုပ် မလား'?

ကုမ္ပဏီမှာ လုပ်ရင် ကုမ္ပဏီ ဝန်ထမ်းအမ်ရာမှာ နေရမည်။အိမ်မှာပဲ အိမ်တော်ထိန်း ပြန်လုပ်ရင် အဖွားအခန်းကိုရော၊ကျတော့်အခန်းကိုပါ အပိုင်ရမည်။

ဒါဆို ဒီ အိမ်ကြီး ဆီက ထွက်သွားစရာ မလို၊အားချစ် ပြန်လာတိုင်း တွေ့လို့ ရမည်။

သို့သော် ကျတော် အိမ်တော် ထိန်း မလုပ်ချင်ပေ။မလုပ်လိုပေ။
ဒါကြောင့် အားချစ်၏ မိဘတွေ ကမ်းလှမ်းတာကို ငြင်းပစ်လိုက်လေသည်။

ပြီးတော့
မင်းကပါ အခုတလော ဘာတွေဖြစ်နေတာလဲ အားချစ်ရေ?

"ကျတော် ကုမ္ပဏီမှာပဲ ဆက်လုပ်ချင်ပါတယ် အန်တီနဲ့ ဦး ခင်ဗျာ"

"အေး ကောင်းပါတယ်ကွာ။
ဒါဆိုရင်တော့ ပြောရတော့မှာပဲ။
သားအခန်း ကိစ္စပေါ့"

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now