part (13)

1.7K 94 6
                                    

ခ,စားခွင့်ပြုပါ(BL)
အပိုင်း(၁၃)
အားချစ် ပြည်ပကို ထွက်သွားသည့် နေ့က ကျတော် လေဆိပ်ကို လိုက်မပို့ဖြစ်ပါဘူး။
သိတဲ့ အတိုင်း အားချစ်၏ အဖွားနှင့်အားချစ်၏ အဖေနဲ့ အမေတို့က လိုက်ပို့ကြသည်လေ။

ဖြစ်ချင်တော့
အဲဒီနေ့က ကျတော် အလုပ်ကို မနက်အစောကြီး ထွက်လာရတယ်။မနက်စာ မကျက်သေးသည့် အချိန်မို့ မနက်စာလည်း မစားခဲ့ရသေးချေ။

အဖွား ထည့်ပေးလိုက်သည့် ပေါင်မုန့်ကို ပဲနို့ရည်ဗူးနှင့် မျှောချပြီး အလုပ်ခွင်သို့ ဝင်ခဲ့ရသည်။

ပေါင်မုန့်ကို မျိုချနေရင်းက ဘာကြောင့်ရယ် မသိပဲ မျက်ရည်တွေ ကျလာမိသည်။

အလုပ် လုပ်မှ ဖြစ်မည့်ဘဝမို့ တယောက်တည်း ရှိသည့် အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်၊ကျတော် မြတ်နိုးရသည့် ကောင်လေး လည်း ဖြစ်သည့် အားချစ်ကို လေဆိပ်ထိ လိုက်ပို့ချင်တာတောင် မပို့ရသည့် ဘဝပါ့လား လို့ တွေးကာ
ရင်ထဲ အလိုလို ဝမ်းနည်းအားငယ်လာမိသည်။

ထိုနေ့က အလုပ်တွေကို အဆက်မပြတ် လုပ်ပစ်လိုက်မိသည်။ဒီတခါ ပိတ်ရက် ကျ ကျတော် အိမ်ပြန်ရင် အားချစ်ကို မတွေ့ရ ဟူသော ခံစားချက်က ရင်ထဲကို ဆို့နင့်နေစေသည်။

နေ့လယ်စာကိုလည်း အရသာ မခံပဲ စားဖြစ်မိသည်။

"မင်းလွင်ထူးရေ....
ဟင်းသွား ဝယ်မလို့ ဘာမှာ အုံးမလဲ"?

ဆိုဒ်ထဲက လုပ်သက်ရင့်နေပြီ ဖြစ်သည့် အမတွေက ဈေးတယ်ထွက်တိုင်း မေးလေ့ရှိသည့် အတိုင်း မေးကြတာကိုလည်း မကြားမိချေ။

ကျတော်၏ စိတ်နဲ့ လူနဲ့ မကပ်သည့် ပုံစံက မနက်ခင်း ကတည်းက မို့ သူမတို့လည်း ထပ်မမေးတော့ပဲ အချင်းချင်း လက်တို့ကာ၊မေးငေါ့ကာ ထွက်သွားကြတော့သည်။

အမှန်ဆို အလုပ်ကနေ ဝန်ထမ်းတယောက်စီကို ထမင်းချိုင့်
တချိုင့်စီပေးလေ့ရှိသည်။
ဟင်းကတော့ မနက်စာဆိုရင် ကြက်ဥပြုတ်တို့၊လက်ဖက်သုပ်တို့ ထည့်ပေးလေ့ရှိသည်။
နေ့လယ်စာဆို ကြက်ဥကြော်တို့၊ကြက်ဥချက်တို့ မျှစ်ကြော်တို့ ထည့်ပေးလေ့ရှိသည်။

ခ,စားခွင့်ပြုပါ ( Complete)Where stories live. Discover now