Season-7 Ep(1)

Comincia dall'inizio
                                    

ဒယ်ဒီက သူ့ကိုလက်ဆန့်ပေးလာသည်။ နေခစိတ်ထဲတစ်မျိုးဖြစ်သွား၏။ တစ်စုံတစ်ရာက မှားယွင်းသလိုခံစားရသည့်တိုင် ဒယ်ဒီစိတ်မကောင်းဖြစ်မည်စိုး၍ ဒယ်ဒီ့ထံသွားရန်အပြင်

"မသွားနဲ့...."

ဟန့်တားသံနှင့်အတူရောက်လာသည်က အနက်ရောင်အရိပ်တစ်ခု။ နေခအံ့သြသွားပြီး နှုတ်မှလွတ်ကျလာသည်က စွဲမြဲနေခဲ့သော နာမည်တစ်ခု။

"သုန္နဒရီသာ... မင်းဘယ်လိုရောက်လာတာလဲ"

"သူကရှင့်အဖေမဟုတ်ဘူး ရှင့်ကိုလှည့်စားနေတာ နေခ ရှင်သူနဲ့သွားလို့မရဘူး"

"ဟင်..."

သူမစကားကြောင့် ဒယ်ဒီ့ကိုလှည့်ကြည့်ပြီး သူ့ခြေလှမ်းတွေကိုယောင်ယမ်းနောက်ဆုတ်မိသည်။ ဒယ်ဒီကာ မျက်နှာမကောင်းဖြစ်သွားပြီး

"မင်းဒယ်ဒီ့ကိုမယုံကြည်တော့ဘူးလားနေခ ဒယ်ဒီ့ထက် ဒီမိန်းကလေးရဲ့စကားကို ပိုနားထောင်တယ်ပေါ့ ဒယ်ဒီတကယ်ဝမ်းနည်းတယ်သားရယ်"

"ကျွန်တော်..."

"နေခ... ရှင့်စိတ်ကိုမာမာထားစမ်း ဒီနေရာကဘယ်နေရာလဲအမှတ်ရစမ်းပါ ရှင့်အဖေကဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ "

သုန္နရီသာစကားကြောင့် သူဆတ်ခနဲ့ပင် သတိဝင်လာသည်။ ဟုတ်သားပဲ... သူကမှော်တိုင်းပြည်ကို ခရီးဆက်နေတဲ့ လမ်းခုလတ်နေရာမှာပဲရှိသေးသည်။ ဒယ်ဒီက ဘာကြောင့်သူရှေ့မှာပေါ်လာရသလဲ။ နေခ အခုမှပဲပတ်ဝန်းကျင်ကို သတိတရအကဲခတ်ကြည့်တော့ ဘယ်နေရာမှန်း မှန်းဆ၍မရအောင် မြူတွေဝေ့ဆိုင်းနေသဖြင့်

"ဒါဘယ်နေရာလဲ"

"အခုရှင်က ရှင့်အိပ်မက်ထဲမှာပဲရှိနေတယ် ရှင့်အဖေအနေနဲ့ရပ်နေတဲ့သူက အယောင်ဆောင်မိစ္ဆာပဲ ရှင့်ဝိညာဉ်ကိုခေါ်ဆောင်သွားနိုင်ဖို့ လိမ်ညာလှည့်စားနေတာပါ အကယ်၍ ရှင်သာသူ့နောက်လိုက်သွားမယ်ဆိုရင် ရှင့်အိပ်မက်ထဲမှာပဲရှင်ပိတ်မိပြီး ဘယ်သောမှပြန်မနိုးတော့ဘူး "

"ဟင်..."

"ရှင်သေသွားတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ"

ထိုအခါမှနေခအတော်ထိတ်လန့်သွားပြီး ဒယ်ဒီရုပ်သွင်နှင့်လူကိုကြည့်လိုက်သည်။ ခုနက ညှိုးနွမ်းနေသောဒယ်ဒီ့မျက်နှာမှာ တဖြည်းဖြည်းနှင့်တင်းမာခက်ထန်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသောရုပ်ဒဏ္ဍန်တစ်ခုသို့ပြောင်းလဲသွားသည်။ ထို့နောက်

မှော် (ေမွာ္)Dove le storie prendono vita. Scoprilo ora