Season-4 Ep(2)

711 42 4
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၂)

ဝတ်မှုန်သုဒြာမင်းသမီး...

လှပပျိုမြစ်သော မင်းသမီးငယ်သည် မှောင်မိုက်ကာ အထီးကျန်ဆန်ခဲ့သော သောရ်ရဌာန်မင်းသားအတွက် မီးအိမ်ဖြစ်ခဲ့သည်။

မင်းသားသည် မင်းသမီးငယ်အား လွန်စွာချစ်မြတ်နိုးခဲ့သကဲ့သို့ ဝတ်မုဏ်သုဒြာမင်းသမီးသည်လည်း မင်းသားအားချစ်ခဲ့ပါသည်။

ချောမောသောမင်းသားငယ်၏ရုပ်အဆင်းအား အဘယ်မိန်းကလေးသည်လွန်ဆန်နိုင်မည်နည်း။

ထိုနည်းတူ ဝတ်မှုန်သုဒြာသည်လည်း ကုရ်မာ၏ကြိုးကိုင်မှုနောက်တွင် ရှိနေခဲ့သည့်တိုင် မင်းသားအပေါ်ချစ်မြတ်နိုးခဲ့မိပါသည်။

သူမ၏ရည်ရွယ်ချက်သည် မင်းသားလျှို့ဝှက်ထားသော မှော်စာအုပ်အား မာယာဖြင့်သိမ်းသွင်းလျက် ရယူပေးရမည်ဖြစ်သော်လည်း ထိုအရာကို သူမမေ့လျော့ခဲ့မိသည်အထိ ချစ်ခြင်းတို့၌ ပျော်ဝင်ခဲ့သည်။

ငယ်ရွယ်နုနယ်သောအရွယ်၌ အချစ်သည် ကိုးကွယ်ရာအမှန်ဖြစ်နေခဲ့သည် မဟုတ်လား။

ထိုနည်းတူ မင်းသားနှင့်မင်းသမီးငယ်တို့သည် မှော်ရဲတိုက်ကြီး၌ အတူပျော်မွေ့နေထိုင်ရင်း အရာရာကိုမေ့လျော့နေခဲ့၏။

နေ့သည် သာယာခြင်းတို့ဖြင့်ပြည့်လွှမ်းလျက် ညသည် ကြည်နူးဖွယ်ချမ်းမြေ့နေတော့သည်။ သူတို့နှစ်ယောက်အတွက် အချိန်သည် ခဏတာမျှ ချိုမြိန်နေကာ ကြည်နူးဖွယ်အတိဖြစ်ခဲ့၏။

တဖွဲဖွဲကျနေတတ်သည့်နှင်းမှုန်တို့အောက်တွင် ပျော်ရွှင်ကြည်နူးစွာပြေးလွှားကစားခဲ့ပါသည်။ အတူမြင်းစီးရင်းလည်း ပျော်ရွှင်ခဲ့ဖူး၏။ တောတောင်အတွင်းသို့ အတူလျှောက်လည်ရင်း နေ့ရက်တို့သည် ရွှေရောင်အတိလွှမ်းခဲ့သည်။

လက်ချင်းတွဲလျက်.. နှင်းတောင်တန်းတို့တွင် ခြေရာချင်းထပ်မတက် ရယ်မောစွာ လည်ပတ်ခဲ့ခြင်းတို့သည် မင်းသမီးငယ်အတွက် ဟန်ဆောင်မှုသက်သက်မဟုတ်ခဲ့ပါ။

ညအချိန်တွင် လမင်းကြီးကိုငေးကြည့်ရင်းနှင့် သောရ်ရဌာန်မင်းသားသည် ကြင်နာမြတ်နိုးစွာ ဆိုခဲ့ဖူးပါသည်။

မှော် (ေမွာ္)Where stories live. Discover now