Season-3 Ep(11)

725 32 2
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၁၁)

"ဝတ်မှုန်သုဒြာ"မင်းသမီး...
သူမက မှော်မင်းသားရဲ့ချစ်သူတဲ့။

မြူ့ရင်ထဲတွင် အလိုမကျစွာတိုးဝင်လာသည့် ခံစားချက်အချို့နှင့်အတူ မှော်မင်သားနှင့် မင်းသမီးအကြောင်းကို သိလိုစိတ်များပြင်းပျလာတော့သည်။

ချစ်သူဖြစ်ခဲ့ဖူးသည်ဟုသာဆိုသည်။
မင်းသား၏မျက်ဝန်းတို့က သွေးအေးလွန်းလှသည်။ သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားချက်တွေ ကင်းမဲ့နေခဲ့၏။ ထို့အတူ မင်းသမီးရုပ်ထုထံမှ သူမရလိုက်သည်က အကြောက်တရားနှင့် နာကျင်မှုများသာ။

ဘယ်မှာလဲ ချစ်ခြင်းမေတ္တာတရားတွေ။
သူတို့နှစ်ယောက်ကြား ဆိုးဝါးသောဖြစ်ရပ်များ ဖြစ်ပွားခဲ့၍လား။

နှစ်တစ်ရာကြာသွားသည့်တိုင်ချစ်ခြင်းမပါသောစိတ်ဖြင့် မှော်မင်းသားသည်မင်းသမီးအား မည်းမှောင်အေးစက်သော ဂူထဲတွင်ရက်စက်စွာ ချည်နှောထားဆဲ။

မင်းသမီးသည်ယခုထိတိုင်မလွတ်မြောက်နိုင်ဘဲ မမောပန်းနိုင်စွာ နာနာကျင်ကျင် ငိုကြွေးနေရတုန်းလား။

ဘယ်အရာကများသူတို့နှစ်ယောက်ကြား ဤမျှအကျဉ်းတန်သွားစေခဲ့သနည်း။

မြူသိလိုစိတ်များထိန်းချုပ်မရတော့ပါ။ ဗဒ္ဒရီကိုမေးပါကလည်း အဖြေရမည်မဟုတ်၍ တစ်နေရာသို့ ခိုးထွက်လာမိတော့၏။

လျှို့ဝှက်စာကြည့်ခန်းလေး။

ဟုတ်ပါသည်....စာကြည့်ခန်းထဲမှ မှော်မင်းသားဟုဆိုသောသောရ်ရဌာန်မင်းသား၏အကြောင်း မှတ်တမ်းတင်ထားသည့်စာအုပ်ကို သူမယူလိုက်သည်။ ထို့နောက်စိတ်လှုပ်ရှားစွာပင် စာမျက်နှာတို့အား လှန်လောဖတ်ရူလိုက်လေ၏။

"သောရ်ရဌာန်မင်းသား"

မယ်တော်ရနုဒီနှင့် ကုရ်မာတို့၏ဖောက်ပြန်မှုကို သိသွားသောမင်းသားငယ်၏ဘဝကာ ပို၍ကံဆိုးမိုးမှောင်ကျသွားခဲ့ရ၏။

"မင်းသားငယ်သည် ရနုဒီတို့အကြောင်းကို သိသွားခဲ့ရပြီ အကယ်၍မင်းကြီးရောက်လာလို့ လျှောက်တင်ပါက အားလုံးဒုက္ခကြီးစွာရောက်တော့မည် ဘယ်လိုလုပ်ကြမှာလဲ အမောင်ကုရ်မာ"

မှော် (ေမွာ္)Where stories live. Discover now