Season-4 Ep(5)

645 47 1
                                    

Unicode

~~မှော်~~
(Season-4)
အပိုင်း(၅)

"ကျွီ.... "

မြင့်မားခိုင်ခံ့သောကျောက်နံရံကြီးတစ်ချပ်က တဖြည်းဖြည်းပွင့်အံသွားပြီးနောက် ရှေးဆန်သော အဝတ်အစားနှင့် အသက်အရွယ်ကြီးရင့်သော လူတစ်ယောက်ထွက်လာပြီး

"တာဝန်ကျေပွန်မှုနှင့်အတူပြန်လာတဲ့အတွက် နန်းဆောင်တော်မှ ဝမ်းမြောက်စွာ ကြိုဆိုပါတယ် "

သူမကခေါင်းညိတ်ရင်း တစ်ချက်မျှသာ ပြုံးလိုက်ပြီးနောက် အထဲသို့ဝင်သွားလိုက်သည်။ သူမအထဲရောက်သွားသည်နှင့် ကျောက်နံရံတံခါးကာ တအိအိနှင့် ပြန်ပိတ်သွားတော့သည်။

အပြင်ဘက်မှကြည့်ပါက ကျောက်တောင်ကြီးတစ်ခုအလား ဘာမှမထူးခြား။ သို့သော် အထဲတွင်တော့ လျှို့ဝှက်စွာတည်ရှိနေသည်က ခမ်းနားတင့်တယ်သော နန်းဆောင်တစ်ခု။

ထိုနန်းဆောင်လမ်းတစ်လျှောက် တည်ငြိမ်စွာ လျှောက်လာရင်း ပလ္လုင်တစ်ခုအနား အရောက်တွင်တော့ သူမခြေလှမ်းတွေ ရပ်တန့်သွားပြီး

"ပြန်ရောက်ပါပြီ အုပ်ချုပ်သူ.."

အုပ်ချုပ်သူဟုသူမခေါ်ဆိုသော အမျိုးသမီးကြီးကာ ပလ္လုင်ကိုကျောဘေးလျက် ပြတင်းပေါက်မှတဆင့်အပြင်ဘက်ဆီသို့ ငေးစိုက်ကြည့်နေရင်းမှ သူမဘက်သို့ လှည့်လာသည်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့်တိုင် ထိုအမျိုးသမီးကြီး၏မျက်နှာထက်ဝယ် ချောမောခန့်ထည်မှုက အထင်းသား။ ထို့နောက် နှစ်လိုဖွယ်ကောင်းသော အပြုံးတို့ဖြင့်

"တာဝန်ကျေပွန်ခဲ့ကြောင်းကို သတင်းကောင်းကြားရပါတယ် ကျေးဇူးတင်မှုနှင့်အတူ သမီးငယ်အတွက် ဝမ်းမြောက်မိပါတယ် "

"အုပ်ချုပ်သူရဲ့လမ်းညွှန်မှုနဲ့မေတ္တာကြောင့်သာ အခုလိုလုပ်ဆောင်နိုင်တာပါ "

သူမကကိုယ့်ကိုယ်ကိုယ်နှိမ့်ချစွာဆိုလိုက်ရင်း ကိုယ်နှင့်မကွာထားရှိသည့် အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူလိုက်၏။ ထို့နောက် အုပ်ချုပ်သူဆိုသောအမျိုးသမီးကြီးအား ဦးညွှတ်လျက် ရိုကျိုးစွာ ကမ်းပေးလိုက်သည်။

မှော် (ေမွာ္)Where stories live. Discover now