Season-3 Ep(6)

682 37 1
                                    

Unicode

~~မှော်~~
(Season-3)
အပိုင်း(၆)

"မင်းကအဲဒီ့နေ့ကမိန်းကလေးပဲ"

သူ့စကားကို သူမမည်သို့မျှမတုန့်ပြန်ပါ။ လက်ကောက်ကိုသာယူထားပြီးနောက် ထူးထူးခြားခြားတိတ်ဆိတ်ငြိမ်သက်နေပြီးမှ...

"ကျွန်မသိလိုက်ပြီ ဘာကြောင့်မြွေဖြူက ရှင့်ကိုရန်မူရသလဲဆိုတာ..."

"ဘယ်လို..."

"ရှင့်ဆီမှာဒီလက်ကောက်ရှိနေခဲ့လို့ပဲ ဒီလက်ကောက်ကရှင်တို့လိုသာမာန်လူနဲ့ ဘာမှမသက်ဆိုင်ဘူး မြွေဖြူကလက်ကောက်ရဲ့ မန္တန်တွေကို အာရုံခံနိုင်တယ် သူဂူထဲ ရောက်နေတဲ့ချိန်မှာ မသက်ဆိုင်တဲ့လူလက်ထဲမှာ ဒီပစ္စည်းရှိနေတယ်ဆိုတာသိလိုက်တယ် ဒါကြောင့် ရှင်ခိုးယူထားတယ်ထင်ပြီး ရန်မူတာကို..."

"လာပြန်ပြီ ... ဒီသာမာန်လူ ဘာလဲ မင်းကအတောင်ပေါက်ပြီးပျံနိုင်လို့လား "

"ရှင့်ကိုဒီတောထဲကနေထွက်နိုင်အောင် လုပ်ပေးနိုင်တဲ့အစွမ်းရှိတယ် ဒီတော့ရှင့်လို သာမာန်လူထက်သာနေပြီမဟုတ်လား"

သူမကစိတ်အချဉ်ပေါက်လာဟန်ဖြင့် ခပ်ငေါ့ငေါ့လေးဆိုလိုက်တော့ သူပြုံးမိရင်း

"ထားပါတော့ ဒါနဲ့မင်းငါ့ကိုမှတ်မိသေးလား အဲ့ဒီ့နေ့ကလပ်မှာ မင်းငါ့ကို ဝင်တိုက်သွားသေးတယ်လေ ပြီးတော့..."

တစ်စုံတစ်ရာကိုအမှတ်ရသွားတော့ သူ့ရင်တွေ လှပ်ခနဲ့ဖြစ်သွားရသည်။ သူမကချက်ချင်းပင် မျက်နှာလွဲသွားပြီး...

"လမ်းရှာဖို့အတွက် ကျွန်မတရားထိုင်ရဦးမယ်"

ထိုသို့ပြောပြီးငြိမ်သက်စွာတရားသွားထိုင်နေတော့ သူ့မှာအီလည်လည်ဖြစ်သွားရ၏။ သို့တိုင် သူသည်လည်း ဆန်းကြယ်လွန်းသည့်ကံတရားကို ပြန်တွေးရင်း မယုံကြည်နိုင်အောင်ဖြစ်ကာ အတွေးများဖြင့် နှုတ်ဆိတ်နေမိသည်။

ဘယ်လောက်တောင်အံ့သြဖို့ကောင်းလိုက်သလဲ။ သေချာတောင်မမြင်ဖူးခဲ့ဘဲနှင့်တစ်ခါသာ တွေ့ဆုံခဲ့သည့်မိန်းကလေးတစ်ယောက်ကို သူသည် မသိမသာစွဲလမ်းခဲ့ရသည်။ ထူးခြားသည့် ဒီကိုယ်သင်းရနံ့လေးကို ယခုတိုင်ရင်ထဲစွဲငြိနေဆဲ။ ကောင်းစွာမှတ်မိနေခဲ့သည့်ရင်ခုန်သံတွေဟာ လတ်ဆတ်နေဆဲမဟုတ်လား.။

မှော် (ေမွာ္)Where stories live. Discover now