Season-2 Ep(13)

1K 53 3
                                    

Unicode

~~မှော်~~
(Season -2)
အပိုင်း(၁၃)

"မြူ...."

"မြူရေ...."

ဟိုး.... အဝေးဆီမှ ဆွဲဆွဲငင်ငင်ခေါ်သံတစ်ခု။

အိပ်မောကျနေရာမှ မြူဆတ်ခနဲ့ လန့်နိုးလာသည်။ အိပ်မှုန်စုံဝါးဖြင့်ထလိုက်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ ညည့်နက်သန်းခေါင် အချိန်လောက်ရှိနေမည်။

ဒီအချိန်ကြီး... ဘယ်ကအသံပါလိမ့်။ ဇဝေဇဝါဖြင့် မြူတွေးတောနေစဉ်မှာပင်

"မြူ"

ခေါ်သံသဲ့သဲ့လေးကာ နားထဲပီပီပြင်ပြင် ဝင်လာခဲ့သည်။ မြူမနေသာတော့ဘဲ အခန်းပြင် ထွက်ကြည့်မိသည်။

ဝါလဲ့လဲ့မီးအိမ်မှလွဲ၍ ရဲတိုက်တစ်ခုလုံးကာ တိတ်ဆိတ်ငြိမ်သက်နေ၏။ မြူသည် ကြားနေရသည့် ခေါ်သံများဆီသို့ မလွန်ဆန်နိုင်ဘဲ စိတ်ညှို့ခံနေရသည့်အလား တရွေ့ရွေ့ လျှောက်သွားနေမိရင်းမှ တစ်နေရာရောက်တော့ ခြေလှမ်းတွေ တုန့်ခနဲ့ရပ်သွားသည်။

သူမသည်ရဲတိုက်အလယ်က အနက်ရောင်အခန်းရှေ့ ရောက်နေခဲ့ပြန်ပါလား။

ဟိုတစ်ခါတုန်းကကဲ့သို့ ဒီနံရံနောက်ဆီက ခေါ်သံတွေထွက်လာခဲ့ပြန်သည်ပဲ..။ ထို့နောက် ဒီခေါ်သံတို့ကာသူမကို ဤနေရာသို့ ဒုတိယအကြိမ် ထပ်ခေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

မြူသည် ထူးဆန်းသောခေါ်သံတို့ ထွက်လာသည့် အနက်ရောင်အခန်းရှေ့တွင် အံဩတုန်လှုပ်စွာရပ်နေရင်းမှ ဗဒ္ဒရီ၏သတိပေးစကားတို့ကို ပြန်ကြားယောင်လာမိသည်။

"အဲ့ဒီ့အခန်းထဲကို နောက်ထပ်မဝင်ပါနဲ့ ဘာအကြောင်းပဲဖြစ်ဖြစ်မင်းမသွားရဘူး ကြောက်စရာ ကောင်းတဲ့အရာတွေက မင်းကိုသေစေတဲ့အထိ ဖြစ်သွားလိမ့်မယ် မိန်းကလေး.."

ထို့ကြောင့် မြူပြန်လှည့်ထွက်သွားရန် ပြင်လိုက်စဉ်...

"မြူ...."

"ဟင်"

ပီပီပြင်ပြင်ထွက်လာသည့်ခေါ်သံကြောင့် မြူထိတ်လန့်သွားပြီး နောက်ကိုမရဲတရဲ လှည့်ကြည့်လိုက်တော့ အနက်ရောင်အခန်းရှေ့တွင် ရပ်နေသူကာ.

မှော် (ေမွာ္)Where stories live. Discover now