Season-5 Ep(1)

694 43 9
                                    

Unicode

~~မှော်~~
(Season-5)
အပိုင်း(၁)

ဖြူဖွေးနေသောနှင်းမှုန်စက်တွေ
လှပနေသော အလင်းတန်းလေးတစ်ခု
ပြီးတော့အရောင်ပါသည့်မနက်ခင်းလေး။

အို.... ဘုရားရေ
သူမမျက်လုံးတွေပြန်မြင်နေရပြီလား။

မြူမယုံကြည်နိုင်ပင်အံ့သြခံစားသွားရသည်။ သူမအိပ်မက်ထဲမှာပဲရှိနေသေးသည်လား။ သို့သော်တဖွဲဖွဲကျနေသည့်နှင်းမှုန်တို့ကို သူမအတိုင်းသာမြင်နေရပါသည်။ အေးစက်လှပသည့်မနက်ခင်းက သူမအတွက် အလင်းရောင်ကိုခံစားစေခဲ့ပြီဖြစ်သည်။

ဝမ်းသာဝမ်းနည်းခြင်းလားမတွေးတတ်အောင်ပင်မျက်ဝန်းမှမျက်ရည်တို့လိမ့်ဆင်းကျလာခဲ့သည်။ အတန်ကြာသည်အထိ မြူတစ်ယောက် မယုံကြည်နိုင်အောင်အံ့သြမှင်သက်နေဆဲ။

"စောစောစီးစီးနိုးနေတာပဲ"

မနက်စာထည့်ထားသည့်လင်ဗန်းကိုင်လျက် အခန်းထဲဝင်လာသောဗဒ္ဒရီမြင်တော့ မြူဝမ်းသာအားရပင်..

"ဗဒ္ဒရီကဒီနေ့အစိမ်းရောင်လေးနဲ့ပဲ အများကြီးပိုလှလာတယ်နော်.."

"ဘယ်လို..."

"အခုလိုဆံပင်ချထားတာနဲ့ပိုလိုက်တယ် သိလား"

"မြူနှင်းသိင်္ဃာ မင်းဘယ်လိုလုပ်.."

အံ့သြနေသည့်ဗဒ္ဒရီကိုကြည့်ရင်း မြူသဘောကျစွာရယ်မောလိုက်မိပြီး..

"မြူ့မျက်လုံးတွေပြန်မြင်ရပြီအဟင်း"

"ဘာ... "

"ဟုတ်တယ် မြူအမြင်အာရုံတွေပြန်ရပြီ"

ဝမ်းသာလွန်းသဖြင့်မြူ့အသံတို့ပင် လှိုက်ခါနေသည်။ ဗဒ္ဒရီမယုံကြည်နိုင်အောင် ဖြစ်နေပုံရသည်။ အင်းလေး သူမကိုယ်၌ကလည်း အခုချိန်ထိမယုံမရဲဖြစ်နေမိသည်ကိ။

"မြူကဘေးပတ်လည်အမှောင်ထုတွေနဲ့ ပိတ်လှောင်မွန်းကျပ်နေတဲ့ မိန်းကလေးမဟုတ်တော့ဘူး အခုမြူအရောင်တွေကိုမြင်လို့ရပြီ အလှတရားတွေအားလုံးခံစားလို့ရပြီ အဟင်း"

မြူရယ်သံတို့ကာရွှင်ပျနေ၏။ အပြုံးတို့သည်လည်းရွှင်လန်းနေတော့သည်။ ဗဒ္ဒရီသက်ပြင်းချမိလျက်နှင့်

မှော် (ေမွာ္)Where stories live. Discover now