"ကလေးခေါ်ထားပေးဦး~"
taekookလေးကို ကလေးမတစ်ယောက်လက်ထဲထည့်ပေးပြီးထယ်ယောင်းကိုသွားကြည့်တဲ့ဂျောင်ကုက
အရမ်းစိတ်ပူနေပြီလေ~
"ဘယ်လိုဖြစ်တာလဲ ဒဏ်ရာကရောင်နေတယ်~"
"ဘာမှမဖြစ်ပါဘူး ထားလိုက်ပါ~"
"ထားလိုက်လို့ဖြစ်မလား ဒီထက်ပိုဆိုးသွားမှာပေါ့~"
"ကလေးငိုလိမ့်မယ် ခေါ်ထားလိုက်ပါ~"
"မငိုစေရဘူး သေချာထိန်းပေးပါ့မယ်~"
ထယ်ယောင်းက ဂျောင်ကုစိတ်မပူစေချင်လို့ဟာကို
ကလေးမလေးတွေကသူတို့ကိုအတင်းတွန်းပို့နေပြီး
ကလေးကိုလဲမငိုအောင်ဝိုင်းထိန်းနေကြတာ~
"အရင်ဆုံး ဒဏ်ရာကိုဆေးကြောရအောင်
ညီမလေးတစ်ယောက်လောက် အစ်ကိုယူလာတဲ့အဖန်ရည်လေးယူလာပေးပါဦး~"
"Nae~"
ဂျောင်ကုက ကလေးမလေးတွေအတွက်ယူလာတဲ့
အဖန်ရည်နဲ့ထယ်ယောင်းရဲ့ဒဏ်ရာကိုဆေးပေးပြီး
ဆေးထည့်ပေးကာပတ်တီးပြန်စည်းပေးတော့
ထယ်ယောင်းလက်မှာသူ့ရဲ့နဖူးစည်းပဝါ~
"အစ်ကို ကလေးကနို့ဆာပြီလားမသိဘူး
ဘယ်လိုမှချောမရတော့ဘူး~"
"အေအေ ပေးခဲ့~"
ကလေးနို့တိုက်တဲ့အချိန် ကလေးမလေးတွေက
ဂျောင်ကုအနားမှာဝိုင်းထိုင်ကြည့်နေကြဘေမဲ့
ဂျောင်ကုမရှက်ပါဘူး~
"အစ်ကိုက အစ်မလား ကလေးမွေးလို့ရတယ်ဆိုတော့~"
"မသိတော့ပါဘူး ကိုယ့်ကိုယ်ကိုယ်တောင်အံ့သြနေတာ~"
"နို့ရည်လဲထွက်တယ်နော်~"
"ကဲ သွားကြ အစ်ကိုယူလာတဲ့မုန့်တွေသွားစားကြ~"
"ဟုတ်ကဲ့ အစ်ကိုတို့အတွက်လဲယူလာပေးမယ်~"
အားလုံးအတူဝိုင်းဖွဲ့ပြီးမုန့်တွေစားကြရာ
ထယ်ယောင်းကမစားဘဲဂျောင်ကုတို့သားအဖကိုသာကြည့်နေတာမို့ဂျောင်ကုကမုန့်လေးကိုယူပြီးထယ်ယောင်းပါးစပ်နားတေ့ပေးလိုက်တယ်။
"စားလေ အရသာရှိတယ်~"
"အွန်း~အစ်ကိုအသေးလေးလဲစားလေ~"
YOU ARE READING
~~ငွေ့~~{Complete}