"ဟုတ်ပါပြီ~"

တကယ်ဆိုထယ်ယောင်းကသပ်သပ်ကြီးရှောင်စရာမလိုဘေမဲ့
ဂျောင်ကုနဲ့တွေ့စေချင်တဲ့သခင်လတ်ကတမင်သက်သက်
ဖန်တီးပေးတာ~

"လက်တွေထုတ်ထားရတော့ပျော်နေတယ်ပေါ့လေ~"

"အက်...အဲ~"

အင်္ကျီဝတ်ပေးပြီး အောက်ပိုင်းကိုဘဲအနှီးနဲ့ထုပ်ထားပေးတော့
ကလေးကလက်တွေလှုပ်ရှားပြီးပျော်နေတော့တာ~ထို့နောက်ဂျောင်ကုကtaekookလေးကိုပိုးပြီးရိုးရာမုန့်လေးတွေလုပ်ကာညနေဂျောက်ဂူသွားတဲ့အချိန်ယူသွားလေရဲ့~

"ခနနေ မမတွေနဲ့တွေ့ရင် မငိုရဘူးနော်သားလေး
မဟုတ်ရင်ရှက်စရာကြီး~"

"ဟိုမှာရောက်လာပြီ ဘာတွေယူလာတာလဲမသိဘူး
သွားမှကူရအောင်~"

"ဟင့်...အူဝဲ...အူဝဲ~"

ကလေးမလေးတွေ သူတို့ဆီပြေးလာတာနဲ့တစ်ပြိုင်နက်
taekookလေးမှာသူ့မားမားအင်္ကျီကိုဆွဲပြီးငိုလေပြီ~

"ဟာ..အခုတင်မှလေးမငိုဖို့ပြောနေတာကို
သားသားကကြောက်တာလားလို့~"

"လက်ထဲကဟာတွေပေးအစ်ကို~"

"ကလေးပွေ့ချင်တာကြီး~"

"သမီးလည်းပွေ့ကြည့်ချင်တယ်~"

"အူဝဲ...ဝါး~"

"အေအေ နောက်မှပွေ့ကြနော် အခုငိုနေတာမို့အရင်ချော့ဦးမယ်~"

သူ့လက်ထဲကမုန့်တွေပါတဲ့ခြင်းကိုကလေးမတွေကူသယ်သွားကြတာနဲ့ဂျောင်ကုကတော့ငိုနေတဲ့သူ့သားလေးကိုချော့ရင်း
ဂူထဲဝင်သွားရာထယ်ယောင်းကိုတွေ့လိုက်တာမို့
နှစ်ယောက်သားအံ့သြလို့မဆုံး~

*ဘယ်လိုလုပ်ပြီး??*

*အစ်ကိုလေးကတော့လုပ်ပြီ~*

"အ့...ဂူး...အက်~"

ထယ်ယောင်းကိုမြင်တာနဲ့ငိုနေတဲ့ကလေးကလဲမငိုတော့ဘဲ
ထယ်ယောင်းဘက်လက်လှမ်းနေတာမို့
ကြောင်အမ်းအမ်းနဲ့ဂျောင်ကုတစ်ယောက်ဘာလုပ်ရမှန်းမသိ~

"ကလေးလေး မမဆီလာ အဲ့ဦးဦးကဒဏ်ရာရနေလို့
ပွေ့နိုင်မှာမဟုတ်ဘူး~"

"ဒဏ်ရာရနေတယ်?"

"မ...မဟုတ်ပါဘူး~"

"ဟုတ်ပါတယ် ခေါင်းဆောင်ကိုယ်တိုင်ပြောသွားတာ
ဒဏ်ရာရနေတာမို့ကရုစိုက်ပေးဦးတဲ့~"

~~ငွေ့~~{Complete}Where stories live. Discover now