"သူတို့ကအဲ့မှာနေနေကြတာလား~"
"မဟုတ်ပါဘူး အဲ့နေရာကဒီတိုင်းတွေ့ဆုံရာနေရာပါ
ဂျောင်ကုလာမယ်ဆိုသူတို့ကိုကျောက်ဂူဆီလာခိုင်းမလို့~"
"အဲ့လိုလား အဲ့တာဆိုတွေ့မယ်လေ ညနေကိုလာခဲ့ပါ့မယ်~"
"ကရုစိုက်ဦးနော် ကလေးနဲ့ဆိုတော့~"
"ဟုတ်ကဲ့ပါ~"
"အခုဝယ်စရာရှိတာဝယ်ဦးလေ ကလေးချီကူပေးမယ်~"
"ရတယ် သားသားကရှူးပေါက်ချထားတာ~"
"ဘာမှမဖြစ်ပါဘူးပေးပါ အနှီးလဲစရာလဲသွားဝယ်ကြတာပေါ့~"
သခင်လတ်ကtaekookကိုယူပွေ့ပေးတော့
ကလေးကသူ့အဖေနဲ့ရုပ်ချင်းဆင်တဲ့သခင်လတ်ကို
အကြာကြီးကြည့်နေပြီး ခနကြာတော့မျက်နှာချုံ့မဲ့လာတာမို့ဂျောင်ကုဘဲပြန်ပွေ့ရတယ်။
"သားသားကအဲ့လိုဘဲ လူတိုင်းပွေ့လို့မရဘူး~"
"အဲ့တာကောင်းတယ်လေ မကောင်းတဲ့သူစိမ်းတွေခေါ်ရင်မသွားတော့ဘူးပေါ့ ဒါဘေမဲ့ဂျောင်ကုကတော့ပင်ပန်းမှာဘဲ~"
"အင်း ပင်ပန်းဘေမဲ့ပျော်ပါတယ်~"
နှစ်ယောက်သားစကားလေးပြောရင်း
ဝယ်စရာရှိတာဝယ်ပြီးနောက်အတူပြန်သွားကြကာ
အိမ်ရောက်မှလမ်းခွဲသူ့နေရာကိုယ့်နေရာသွားကြလေရဲ့~
"အငယ်လေး ဆေးသောက်ဦး~"
"ကျွန်တော် အကိုက်ခဲပျောက်ဆေးသောက်ထားတယ်~"
"ဟုတ်လား အဲ့တာဆို ဒဏ်ရာကိုဆေးဘဲထပ်ထည့်ရအောင်~"
"Nae~"
"ခနနေ ကျောက်ဂူဆီပို့ပေးမယ် ညနေကိုမြို့တွင်းပုံကန်မှုစမှာမို့ ကိုရီးယားလူမျိုးအကြီးအကဲတွေစတေးခံရလိမ့်မယ်
ခနရှောင်နေလိုက်~"
"မြို့တွင်းပုံကန်မှုလုပ်ရင်ပြည်သူတွေထိခိုက်မိမှာပေါ့~"
"ပုံကန်မှုကဟန်ပြဘဲ မြို့တွင်းမှာဆူပူပြီး
ဂျပန်စစ်သားတွေမြို့တွင်းမှာစုတဲ့အချိန်
တောင်ဘက်ခြမ်းမှာတကယ်ပုံကန်တော်လှန်မှာ~"
"ကိုကြီးရှိတဲ့နေရာကစမှာလား~"
"ဟုတ်တယ် အဲ့တာကြောင့် ခနနေကျောက်ဂူဆီပို့ပေးမယ်
ခနရှောင်နေလိုက်~"
YOU ARE READING
~~ငွေ့~~{Complete}