Part 13(Uni+ZawGyi)

596 17 2
                                    


သာရက တံခါးနဲ့ အလကာ့် ကြားထဲရောက်သွားတာကြောင့် အပေါ်ကနေမိုးလာသူကို အတင်းတွန်းလိုက်တော့သည်။ဖျားပြီးခါစမို့ အင်အားက
ထင်သလောက်မများဘဲ အလကာ်က ပြန်လည်အုပ်မိုးမှူနဲ့အတူ သူ့နဖူးလေးအပေါ် နွေးထွေးတဲ့
အရာတစ်ခုက ထိကပ်လာတော့သည်။

အလကာ် စချင်တာတစ်ခုတည်းနဲ့ လုပ်လိုက်ပေ
မယ့် နဖူးဆီသို့ အနမ်းရောက်သွားမည်ဟု
မထင်ခဲ့မိတာကြောင့် အနောက်ကို တစ်လှမ်းဆုတ်လိုက်တော့သည်။ထိုအခါ သာရက ထပ်တွန်းလိုက်ပြီး အလကာ်နဲ့အနည်းငယ်ဝေးတဲ့နေရာကိုသွားလိုက်တော့သည်။

"ကိုယ်မရည်ရွယ်ပါဘူး"

"ငါ့အခန်းထဲကနေ ထွက်သွားတော့"

"သာရ"

"သောက်ရမယ့်ဆေးကို တီကြည့်ကိုဘဲ ပြောထားလိုက်ပါ တီကြည်တိုက်တာကို ငါသောက်ပါ့မယ်။
မနက်ဖြန် မင်းပြန်ရင် ဂရုစိုက်ပြန်ပါ ဒီလောက်ပါဘဲ ငါခဏလောက် အနားယူပါရစေ မင်းထွက်သွားပေးနိုင်မလား ငါ့အခန်းထဲကနေ"

သာရက အနောက်ကို တစ်ချက် လှည့်မကြည့်ဘဲ
ပြောလိုက်တော့သည်။

"ကိုယ်က မင်းအတွက် ဒီရက်ပိုင်း အနှောင့်ယှက်
ဖြစ်ခဲ့ရင် တောင်းပန်ပါတယ် သာရ ကိုယ်ဒီနေ့ဘဲ
ပြန်ပါ့မယ် ကိုယ့်ကိုခွင့်ပြုပါအုန်း"

"အင်း"

အလကာ် အခန်းတံခါးလေးကိုသေချာလေးပိတ်လိုက်ကာ အခန်းထဲသို့သာ ပြန်ဝင်လာလိုက်တော့သည်။ကုတင်ဘေးနားမှာ ထား ထားတဲ့
လက်စွပ်လေးကိုမြင်တော့ ပြုံးလိုက်တော့သည်။
အပြုံးနဲ့အတူ မျက်ရည်ကလဲ အနည်းငယ် ဝဲမိသည်။

"ကိုယ်အရမ်းတစ်ကိုယ်ကောင်းဆန်နေသလား
ကလေး ကိုယ်က မင်းအတွက် အနှောင့်ယှက်များ
ဖြစ်နေနိုင်မလား ဒါပေမယ့် ဘယ်လိုလုပ်မလဲကွာ
ဟိုးငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကိုယ့်ရင်ထဲမှာ ရှိနေတဲ့ မင်းကို ကိုယ်ဘယ်လောက်ထိ လက်လွှတ်ထားနိုင်မလဲဆိုတာကို ကိုယ်မသိဘူး မင်းတတ်နိုင်သလောက် ကိုယ့်ကိုနှင်ထားပါ ကိုယ်ကတော့ သည်းမခံနိုင်တော့ရင် ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ မင်းကို ရအောင်
သိမ်းပိုက်တော့မှာမို့"

အတိတ်မှသည်......Where stories live. Discover now