Part 10( Uni+ ZawGyi )

639 25 0
                                    


"သာရ မင်းသောက်လိုက်တာ ကိုယ့်ခွက်နော် "

" ငါ ငါ ခွက်အပိုမတွေ့လို့ အေ့...."

ရုတ်တရက် စကားပြောနေရင်း မူးပါမူးချင်လာတာကြောင့် နှုတ်ခမ်းလေးကိုလက်လေးနဲ့ပိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်တော့သည်။

" ကျွန်တော်စားလို့ကောင်းခဲ့ပါတယ် ကောင်းကောင်းသုံးဆောင်ကြပါ ကျွန်တော်အိပ်ချင်သွားလို့အရင်ခွင့်ပြုပါအုန်း "

ခါးလေးကိုကွေးနေအောင် ခေါင်းငုံ့နှုတ်ဆက်ပြီးတာနဲ့ ဒုတိယထပ်က အခန်းကိုသာပြေးသွားလိုက်တော့၏။အခန်းထဲရောက်တာနဲ့ ခြေထောက်လက်ထောက်တောင်မဆေးနိုင်။
မသောက်တာကြာတဲ့အချိန်ကြောင့်
သာရ ခေါင်းအုံးကိုခေါင်းလေးအပ်လိုက်တာနဲ့အိပ်ပျော်သွားတော့၏။

--------------------------------------

ကျန်ခဲ့တဲ့ အလကာ်တို့သုံးယောက်ကတော့
ဘာဖြစ်သွားမှန်းမသိအောင်ကိုပင်မြန်ဆန်လွန်းတာကြောင့် သာရကိုကြည့်ပြီး ကြောင်နေကြတော့၏။နောက်တော့မှမင်း​နောင်ကအသိဝင်ကာ ရယ်လိုက်တော့သည်။

" ဒီကောင်လေး အမြဲ အဲ့လိုဘဲ မြန်လိုက်တာ
ဘာပြောလို့ပြောသွားမှန်းကိုမသိရဘူး ဟားဟား...."

" ကလေးဆိုတော့ လွှတ်ထားလိုက်ပါကွာ ငါတို့ကတော့ မူးတဲ့အထိသောက်မှာနော် လာ လာ
ဟျောင့်တွေ "

ဇင်မင်း ကမင်း​နောင် ရဲ့စကားကိုထောက်ပေးလိုက်ပြီး ခွက်ချင်းထပ်တိုက်ကာသောက်ကြတော့၏။အိမ်က ချက်ပြုတ်တဲ့ တီ​ကြည်ကလဲ အရသာကမှန်လှ၏။ဟင်းတစ်ပွဲ ပြီးတစ်ပွဲချပေးကာ ဗျာများနေရတော့၏။စပ်ထားတဲ့​ကောက်​တေးလိုအရက်ကလဲ နှစ်ဘူးကုန်ကာ သုံးဘူး​မြောက်ပင်ဖြစ်နေပြီဖြစ်၏။အလကာ်တို့လဲ အတိတ်ကအမှတ်တရတွေပြောလိုက် ဟာသတွေပြောလိုက် ဇင်မင်းတို့တွဲဖြစ်သွားတာကိုပြောလိုက်နဲ့ ည ၁၂ နာရီပင်ကျော်နေပြီဖြစ်ကာ အကုန်လုံးလဲ မူးတူးတူးဖြစ်နေကြတော့၏။

"မင်းနောင် မင်းတို့ဘားမှမပူနဲ့ ဒုတိယထပ်မှာ အခန်းလွတ်ရှိသေးတယ် မင်းတို့ကအဲ့အခန်းမှာအိပ်ငါက ငါ့အခန်းမှာအိပ်မယ် ခု ၁၂ ခွဲမလား
၁ နာရီကြရင်တော့ငါတို့တက်ကြမယ် အေ့....."

အတိတ်မှသည်......Where stories live. Discover now